Logo
Print this page

ကိုရီးယးအထက်တန်းကျောင်းသားတွေရွေးချယ်တဲ့ April's Fool Day မှာစနောက်ကျီစယ်နိုင်မယ့် Idol ၅ ဦး

ကျောင်းသားတွေကတော့ အပြစ်ကင်းတဲ့ပုံရိပ်ရှိကြတဲ့ ဒီ အမျိုးသားနာမည်ကျော်ကြားသူ ၅ ဦးကို April's Fool Day မှာ နောက်ပြောင်ကျီစယ်နိုင်မယ်လို့ ထင်ကြပါတယ်။

442525552

မတ် ၁၉ ရက်နေ ၂၉ ရက်အထိ အွန်လိုင်း အကယ်ဒမီ ဖြစ်တဲ့ Seven Edu က ကြင်နာတတ်တဲ့ပုံစံကြောင့် April's Fool Day မှာ ကောင်းကောင်း စနောက် ကျီစယ်နိုင်မယ့် စတားတွေအကြောင်း စစ်တမ်းကောက်ယူခဲ့ပါတယ်။

အဲဒီ စာရင်းကောက်ယူမှုမှာ ပါဝင်တဲ့ ကျောင်းသား အယောက် ၅၄၀ ပါဝင်ခဲ့ပြီး Wanna One အဖွဲ့ဝင် Kang Daniel ကတော့ မဲအားလုံးရဲ့ ထက်ဝက်ရရှိပြီး ပထမနေရာမှာရှိခဲ့ပါတယ်။ Kang Daniel ဟာ သူ့ရဲ့ အပြစ်ကင်းတဲ့ပုံစံနဲ့ ဖြူစင်တဲ့ အပြုံးတို့ ကြောင့်နာမည်ကျော်ကြားပါတယ်။ သူဟာ သွက်လက်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိပြီး ပရိသတ် ပိုချစ်အောင် လုပ်ဆောင်နိုင်ပါတယ်။


Kang Daniel ရဲ့ နောက်မှာတော့ မင်းသားပတ်ဘိုဂွန်းက မဲအားလုံးရဲ့ ၂၇ ရာခိုင်နှုန်းရရှိပြီး ဒုတိယနေရာမှာ ရှိနေပါတယ်။ အဲဒီနောက် မင်းသားတွေဖြစ်တဲ့ ပတ်ဆောဂျွန်း၊ ဆိုဂျီဆပ် နဲ့ ဂုံယူတို့ကတော့ မဲအားလုံးရဲ့ ၅ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းနဲ့ ၂ ရာခိုင်နှုန်းအသီးသီး ရရှိပြီး အစဉ်လိုက်ရပ်တည်နေပါတယ်။


Seven Edu မှသတင်းရင်းမြစ်တစ်ခုက “ဘူဆန်ကနေလာတဲ့ Kang Daniel ထံမှာ ခိုင်မာတဲ့ ဒေသိယအသံနဲ့အတူ တောက်ပတဲ့ အပြုံးရှိပါတယ်၊ ဒါကြောင့် ကျောင်းသားတွေက သူ့ကိုချစ်ကြတာပါ၊ အစီအစဉ်တွေမှာလည်း သူဟာ အပြစ်ကင်းပြီး ဖြူစင်တဲ့ပုံရိပ်ကို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသားတွေက နံပါတ် ၁ အဖြစ် ရွေးချယ်ကြတာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
KL

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!