Banner Top

Member Area

မင်းသားပတ်ဆောဂျွန်းနဲ့အတူ မင်းသား ဝူဒိုဝမ်ကို ရုပ်ရှင်အသစ်တွင် အတူတွဲမြင်တွေ့ရဖွယ်ရှိ

  •  Uchun
  • Category: News

ပရိသတ်တွေကတော့ မင်းသား ဝူဒိုဝမ်နဲ့ မင်းသားပတ်ဆောဂျွန်းတို့ကို မကြာမီရိုက်ကူးတော့မယ့် ရုပ်ရှင် တစ်ခုမှာ အတူတွဲပြီး မြင်တွေ့ရဖွယ်ရှိနေပါတယ်။

သူတို့နှစ်ဦးဟာ 'Saja' အမည်ရှိတဲ့ ရုပ်ရှင်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရပါတယ်။ ဝူဒိုဝမ်ရဲ့ ကုမ္ပဏီဖြစ်တဲ့ Keyeast အင်တာတိန်းမန့်ကတော့ အတည်မပြုသေးပေမယ့် မင်းသားဟာ အဲဒီကမ်းလှမ်းချက်ကို အပြုသဘောစဉ်းစားနေပြီးတော့ အသေးစိတ်လေ့လာနေတယ်လို့ လည်း ဆိုပါတယ်။

အေဂျင်စီရဲ့ ကိုယ်စားလှယ်တစ်ဦးက "ဝူဒိုဝမ်ဟာ အဲဒီရုပ်ရှင်မှာ ဗီလိန်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံရရှိခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ တကယ်လို့သာ ဝူဒိုဝမ်သာ အဲဒီကမ်းလှမ်းချက်ကို လက်ခံဖြစ်ခဲ့မယ်ဆိုရင် ရုပ်ရှင်တစ်ခုမှာ အဓိကဇာတ်ဆောင်အနေနဲ့ ပထမဆုံး ပါဝင်ရမှာလည်း ဖြစ်ပါတယ်။


တဖက်မှာလည်း သရုပ်ဆောင်တွေဖြစ်တဲ့ ပတ်ဆောဂျွန်းနဲ့ အန်ဆွန်းဂီတို့ဟာ ရုပ်ရှင်မှာ ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ 'Saja' ရုပ်ရှင်ဟာ ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ အမျိုးသားတစ်ဦးအကြောင်း ကို အခြေခံရိုက်ကူးမှာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကို မင်းသား ပတ်ဆောဂျွန်းနဲ့ ဂန်ဟာနူးတို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ 'Midnight Runners' ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ကင်ဒိုဟွမ်က ရိုက်ကူးမှာ ဖြစ်ပါတယ်။
KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top