Banner Top

Member Area

ဝူဒိုဟွမ်ကို အားပေးဖို့ ရိုက်ကွင်းဆီ ကော်ဖီထရပ်ကားပို့ခဲ့တဲ့ ကင်မင်းဂျယ်

  •  Y Nay
  • Category: News

မင်းသား ဝူဒိုဟွမ်ဟာ ကင်မင်းဂျယ်ပို့လိုက်တဲ့လက်ဆောင်အတွက် ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

ဇန်နဝါရီ ၁၈ ရက်မှာ မင်းသား ဝူဒိုဟွမ်ဟာ Netflix ကနေပြသမယ့် စီးရီးအသစ် 'Hunting Dogs' ရိုက်ကွင်းမှာရှိတဲ့ ကော်ဖီထရပ်ကားတစ်ခုရဲ့အရှေ့မှာ ရိုက်ထားတဲ့ သက်သေ ဓာတ်ပုံတွေကို သူ့ရဲ့အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။

20220118 025041 384 0

အဲဒီကော်ဖီထရပ်ကားကို မင်းသား ကင်မင်းဂျယ်က ပို့လိုက်တာလည်းဖြစ်ပါတယ်။

20220118 025121 658 1

မင်းသားဝူဒိုဟွမ်က ပုံစာထဲမှာ အသည်းပုံနှစ်ထပ် အီမိုဂျီသုံးခုနဲ့အတူ ကင်မင်းဂျယ်ကိုလည်း ဖော်ပြခဲ့ပါတယ်။

20220118 025128 947 2

ကော်ဖီထရပ်ကားရဲ့ဘေးဘက် စာတန်းမှာတော့'စတီးပုခုံးကင်ဂန်းဝူး ဖိုက်တင်း" လို့ရေးသားထားပါတယ်။ ကင်ဂန်းဝူးဆိုတာကတော့ စီးရီးထဲကမင်းသား ဝူဒိုဟွမ်ရဲ့ ဇာတ်ကောင်နာမည်လို့ဆိုပါတယ်။ ထရပ်ကားရဲ့နဖူးစည်းစာတန်းမှာတော့ ဝူဒိုဟွမ်နဲ့ Hunting Dogs အဖွဲ့ကို အားပေးပါတယ် လို့ရေးသားထားပါတယ်။

20220118 025451 215 0

ဝူဒိုဟွမ်နဲ့ ကင်မင်းဂျယ်တို့ဟာ အဓိကဇာတ်ကောင်နှစ်ဦးအနေနဲ့ ၂၀၁၈ ခုနှစ်ကပြသခဲ့တဲ့ 'Tempted' စီးရီးမှာအတူပါဝင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း သူငယ်ချင်းတွေအဖြစ် ရင်းနှီးခဲ့ကြတာဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top