Logo
Print this page

Midnight Runners ရုပ်ရှင်ဒါရိုက်တာထုတ်လုပ်မယ့် ရုပ်ရှင်သစ်မှာ မင်းသား ပတ်ဆောဂျွန်းပါဝင်မယ်

မင်းသားပတ်ဆောဂျွန်းဟာ လက်ရှိမှာ ရုပ်ရှင်အသစ်တစ်ခုအတွက် ကမ်းလှမ်းချက်ကိုသုံးသပ်နေတယ်လို့ ဆိုပါတယ်။

မီဒီယာတွေရဲ့ သတင်းထုတ်ပြန်ချက်အရ မင်းသားဟာ 'Saja' လို့အမည်ရတဲ့ ရုပ်ရှင်အသစ်တစ်ခုနဲ့ ရုပ်ရှင်တစ်ခုမှာ ပြန်လည်ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီရုပ်ရှင်ကိုတော့ မင်းသားပတ်ဆောဂျွန်းနဲ့ မင်းသားဂန်ဟာနူးတို့အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ 'Midnight Runners' ရုပ်ရှင်ဒါရိုက်တာက ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

အဲဒီသတင်းတွေနောက်မှာတော့ ပတ်ဆောဂျွန်းရဲ့ အေဂျင်စီက အခုလိုပဲ တုန့်ပြန်ထားပါတယ်။

"မင်းသားဟာ ကမ်းလှမ်းမှုကို လက်ခံထားတယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်၊ သူဟာ အဲဒါကို အကောင်းဘက်ကနေ စဉ်းစားနေပါတယ်၊ ဒါပေမယ့် ရုပ်ရှင်အတွက် ဘာကိုမှ အတည်မပြုနိုင်သေးပါဘူး"

အဲဒီရုပ်ရှင်ကို ဒီနှစ်ဝက်လောက်မှာ ရုံတင်နိုင်ဖို့ စီစဉ်ထားပါတယ်။
KL

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!