Logo
Print this page

ဆူဇီနဲ့ ပြန်တွဲနေပြီလို့ဆိုတဲ့ကောလာဟလတွေကို လီမင်းဟို ပယ်ချ

လီမင်းဟိုဟာ ဆူဇီနဲ့ ပြန်လည်တွဲခုတ်နေပြီလို့ဆိုဆိုတဲ့ မကြာသေးခင်က ထွက်ပေါ်နေတဲ့ ကောလာဟလတွေဟာ သတင်းအမှားတွေသာ ဖြစ်တယ်လို့ကြေညာလိုက်ပါတယ်။

Lee Min Ho Suzy

သူ့ရဲ့ အေဂျင်စီ ဖြစ်တဲ့ MYM အင်တာတိန်းမန့်က "သူနဲ့ မေးမြန်းခဲ့ပြီးတဲ့နောက်မှာ ဆူဇီနဲ့ ပြန်ဆက်သွယ်နေတယ်ဆိုတာ အမှန်မဟုတ်ပါဘူး၊ သူတို့ပြန်တွဲနေပြီဆိုတာ တကယ့်ကိုပဲ အမှန်မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း

ဖေဖော်ဝါရီ ၈ ရက်မှာ မီဒီယာ တစ်ခုဖြစ်တဲ့ News1 က ဆူဇီနဲ့ လီမင်းဟိုတို့ဟာ တစ်ခန်းရပ်အချစ်ဇာတ်လမ်းကို ပြန်စနေကြပြီလို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ သတင်းအရင်းအမြစ်တစ်ခုက "လီမင်းဟိုနဲ့ ဆူဇီတို့ဟာ မကြာခင်တုန်းကပဲ ပြန်တွဲနေကြပါပြီ၊ သူတို့ဟာ တိတ်တဆိတ် ချိန်းတွေ့တာမျိုးတွေရှိပါတယ်" လို့ ဆိုပါတယ်။

အဲဒီသတင်းတွေမထွက်ပေါ်ခင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ သူတို့ စုံတွဲနှစ်ဦးဟာ ၂၀၁၅ ခုနှစ် မတ်လကတည်းက နှစ်နှစ်ကြာ တွဲခုတ်ခဲ့ပြီးတဲ့နောက် လမ်းခွဲခဲ့ကြပြီးဖြစ်တယ်လို့ သူတို့ရဲ့ သက်ဆိုင်ရာ အေဂျင်စီတွေက အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။
လီမင်းဟိုနဲ့ ဆူဇီတို့ရဲ့ သက်ဆိုင်ရာအေဂျင်စီတွေကတော့ သူတို့ဟာ ဒီကိစ္စကို လက်ရှိမှာ စုံစမ်းနေပြီတော့ များမကြာမီမှာပဲ ကြေညာချက်တွေ ထုတ်ပြန်ဖို့ရှိတယ်လို့ ဆိုပါတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!