Logo
Print this page

'Great Temptation' ဇာတ်လမ်းတွဲအတွက် ဝူဒိုဟွမ်၊ Joy ၊ ကင်မင်းဂျယ်၊ မွန်ဂါယောင်းတို့ ဇာတ်ညွှန်း ဖတ်ကြပြီ

MBC ရုပ်သံလိုင်းကနေ မကြာမီ ထုတ်လွှင့်တော့မယ့် 'Great Temptation' ရိုးမန့်စ်ဒရမ်မာအတွက် ပထမဆုံး ဇာတ်ညွှန်းဖတ်အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

moon ga young joy kim min jae 1517361602 2018020101000004900172891

ဒီဒရမ်မာကတော့ အသက် ၂ဝ အရွယ်သာ ရှိကြသေးတဲ့ လူငယ်လေးဦးဟာ သူတို့ရဲ့ အသက်နဲ့လောင်းကြေးထပ်ကစားရမယ့် အန္တရာယ်များတဲ့ အချစ်ဂိမ်းတစ်ခုထဲမှာ ပါဝင်ကြတဲ့အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ နာမည်ကျော် ပြင်သစ်ပြဇာတ်ဖြစ်တဲ့ 'Dangerous Liaisons' ရဲ့ကျောရိုးကိုယူထားတယ်လို့ ဆိုပါတယ်။

ဇာတ်ညွှန်းဖတ်အခမ်းအနားအတွင်းမှာတော့ မင်းသား ဝူဒိုဟွမ်၊ Red Velvet အဖွဲ့ဝင် Joy၊ မွန်ဂါယောင်း၊ ကင်မင်ဂျယ်၊ ရှင်ဆောင်းဝူ၊ ဂျောင်မီဆွန်းတို့ ပါဝင်ခဲ့ကြပါတယ်။ 'Great Temptation' ဇာတ်လမ်းတွဲကို မတ်လ ၁၂ ရက် ကိုရီးယားစံတော်ချိန် ည ၁၀ နာရီကနေ စတင်ပြသမှာဖြစ်ပါတယ်။ မျှော်နေကြပြီလား။

allkpop

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!