Banner Top

Member Area

အဓိကရုပ်သံလွှင့်ဌာနတွေရဲ့ လူကြည့်နှုန်းဒုတိယအနည်းဆုံး ဒရမ်မာအဖြစ် 'Great Temptation' မှတ်တမ်းဝင်


MBC ရုပ်သံလိုင်းကနေ တနင်္လာနဲ့ အင်္ဂါနေ့တိုင်း ထုတ်လွှင့်လျက်ရှိနေတဲ့ 'Great Temptation' ဇာတ်လမ်းတွဲဟာ စံချိန်တင်လူကြည့်နှုန်းနည်းတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။

 

ဧပြီ ၁၀ ရက်မှာ Nielson Korea ရဲ့ အဆိုအရ ဧပြီ ၉ ရက် 'Great Temptation' ရဲ့ အပိုင်း ၁၇ နဲ့ ၁၈ ထုတ်လွှင့်မှုဟာ နိုင်ငံတဝန်း ၁ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ၁ ဒသမ ၆ ရာခိုင်နှုန်းအသီးသီးရရှိပြီး မှတ်တမ်းဝင်ခဲ့ပါတယ်။ KBS, SBS နဲ့ MBC တို့ကနေ တနင်္လာနဲ့ အင်္ဂါနေ့တိုင်းထုတ်လွှင့်နေတဲ့ ဒရမ်မာတွေထဲမှာဆိုရင်တော့ အနိမ့်ဆုံးပမာဏလည်း ဖြစ်ပါတယ်။ KBS2 ရုပ်သံလိုင်းကနေထုတ်လွှင့်ပြီး EXO အဖွဲ့ဝင် Kai ပါဝင်ထားတဲ့ 'The Miracle That We Met' ဒရမ်မာကတော့ နိုင်ငံတဝန်းကြည့်ရှုသူ ၁၁ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ပထမနေရာမှာရှိခဲ့ပါတယ်။ 

'Great Temptation' ဒရမ်မာရဲ့ လူကြည့်နှုန်း ၁ ဒသမ ၆ ရာခိုင်နှုန်းဆိုတာ MBC ရုပ်သံလိုင်း သမိုင်းမှာ လူကြည့်အနည်းဆုံး ဒရမ်မာဖြစ်လာခဲ့ပါတယ်။ အရင် လူကြည့်နှုန်းအနည်းဆုံးစံချိန်ကို '20th Century Boy Girl' ဒရမ်မာက ၁ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ရှိခဲ့တာပါ။ ရုပ်သံလိုင်းအားလုံးရဲ့ ဒရမ်မာလူကြည့်နှုန်းနဲ့ ယှဉ်မယ်ဆိုရင်တော့ ဒုတိယမြောက် လူကြည့်အနည်းဆုံး ဒရမ်မာအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ အနည်းဆုံးက KBS2 ရုပ်သံလိုင်းရဲ့ Manhole ဒရမ်မာက ၁ ဒသမ ၄ ရာခိုင်နှုန်းအဖြစ် ရှိခဲ့တာဖြစ်ပါတယ်။ 

Allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top