Banner Top

Member Area

ဂျောင်ဟယ်အင်းနဲ့ ဆွန်ယယ်ဂျင်းတို့ ဒရမ်မာအသစ်အတွက် ဇာတ်ညွှန်းဖတ်ကြပြီ

  •  Micky
  • Category: News

JTBC ရုပ်သံလိုင်းကနေ သောကြာနဲ့ စနေနေ့တို့မှာ ထုတ်လွှင့်မှာဖြစ်ပြီး ဂျောင်ဟယ်အင်းနဲ့ ဆွန်းယယ်ဂျင်းတို့ ဦးဆောင်ပါဝင်ထားတဲ့ 'Pretty Noona Who Buys Me Food' ဇာတ်လမ်းတွဲမှာ ပါဝင်မယ့် သရုပ်ဆောင်တွေဟာ မကြာသေးခင်ကပဲ ဇာတ်ညွှန်းဖတ်ခဲ့ကြပြီဖြစ်ပါတယ်။

son ye jin jung hae in 1517362823 52A921D0 5D74 4CAD AC8E E1CA5E09CA73

ဒါရိုက်တာ အန်ပန်ဆော့ ရိုက်ကူးမယ့် ဒီဒရမ်မာမှာတော့ တစ်ဦးနဲ့တစ်ဦးသိကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦး ဟာ ချစ်သူအဖြစ် တဖြည်းဖြည်းရောက်ရှိလာကြပုံကို ဇာတ်အိမ်တည်ရိုက်ကူးမှာဖြစ်ပါတယ်။ ဆွန်ယယ်ဂျင်း ကတော့ ကော်ဖီကုမ္ပဏီတစ်ခုက ကြီးကြပ်ရေးမှူး ယွန်းဂျင်အာအဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး ဂျောင်ဟယ် အင်းကတော့ ဂိမ်းဇာတ်ကောင်ဒီဇိုင်နာနဲ့ ပရိုဂျူဆာ ဆောဂျွန်ဟီးအဖြစ်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

'Pretty Noona Who Buys Me Food' ဇာတ်လမ်းတွဲကို မတ်လထဲမှာ စတင်ပြသမှာဖြစ်ပါတယ်။

allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top