Banner Top

Member Area

ဒေါ်လာ ၁၃ ဒဿမ ၉ သန်းတန်အဆောက်အဦဝယ်လိုက်တဲ့ မင်းသမီး ဆွန်းယယ်ဂျင်း

  •  WN
  • Category: News

မင်းသမီးဆွန်းယယ်ဂျင်းဟာ ပမာဏများတဲ့ ဝယ်ယူမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။


အောက်တိုဘာ ၁၅ ရက်မှာ ထွက်လာတဲ့ သတင်းတွေအရ မင်းသမီး ဆွန်ယယယ်ဂျင်းဟာ Sinsa-dong မှာရှိတဲ့ ဒေါ်လာ ၁၃ ဒဿမ ၉၈ သန်းတန် အဆောက်အဦတစ်ခုကို မကြာသေးမီက ဝယ်ယူလိုက်တယ်လို့သိရပါတယ်။ မင်းသမီးဟာ ဇူလိုင် ၂၈ ရက်မှာ အရောင်းအဝယ် သဘောတူညီချက်ကို ရရှိခဲ့ပြီး စက်တင်ဘာ ၂၂ ရက်မှာ ငွေပေးချေခဲ့တယ်လို့ သိရပါတယ်။ မင်းသမီးဟာ ကိုရီးယားဝမ် ၁၂ သန်းကို ချေးငှားခဲ့ပြီး ကျန်တဲ့ငွေကို ငွေသားနဲ့ပေးဆောင်ခဲ့တာဖြစ်ပါတယ်။

photo1002306

သတင်းတွေရဲ့အဆိုအရ အဲ့ဒီအဆောက်အဦကို ၁၉၉၈ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဒီဇိုင်းပြင်ထားတာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်။ အဲ့ဒီအဆောက်ဦးဟာ မြေအောက်ထပ် နှစ်ထပ် နဲ့ မြေညီအပေါ်ထပ် ၆ ထပ် ရှိတဲ့ ၈ ထပ် အဆောက်အဦဖြစ်ပါတယ်။ အဲ့ဒီအဆောက်အဦမှာတော့ လက်ရှိမှာ အလှကုန်ပစ္စည်းဆိုင်၊ ပလတ်စတစ်ဆာဂျရီစင်တာတွေကို ဖွင့်လှစ်ထားပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top