Banner Top

Member Area

“Let’s Eat 3” ဇာတ်လမ်းတွဲမှာ Highlight အဖွဲ့ဝင် ယွန်ဒိုဂျွန်းနှင့် မင်းသမီး ဘတ်ဂျင်ဟီးတို့ ဦးဆောင်ပါဝင်မယ်

Highlight အဖွဲ့ဝင် ယွန်းဒိုဂျွန်းဟာ မင်းသမီး ဘတ်ဂျင်ဟီးနဲ့အတူ tvN ရုပ်သံလိုင်းရဲ့ “Let’s Eat” ဇာတ်လမ်းတွဲ တတိယမြောက်ရာသီမှာ တရားဝင်ပြန်လည်ပါဝင်လာတော့မှာဖြစ်ပါတယ်။

ဧပြီ ၁၁ ရက်မှာပဲ tvN ရုပ်သံလိုင်းရဲ့ သတင်းရင်းမြစ်တစ်ခုက သရုပ်ဆောင်နှစ်ဦးဟာ “Let’s Eat3” မှာ ခေါင်းဆောင်သရုပ်ဆောင် တွေအဖြစ်ပါဝင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံလိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။  “Let’s Eat” ဇာတ်လမ်းတွဲကို ၂၀၁၃ ခုနှစ်မှ ပထမဆုံးထုတ်လွှင့်ခဲ့ပြီး အစားအသောက်မြင်ကွင်းတွေနဲ့ တစ်ဦးတည်းနေထိုင်ရတဲ့လူတွေရဲ့ စားသောက်ပုံအမူအကျင့်ပုံစံတို့အကြောင့် နာမည်ကျော်ကြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဒုတိယမြောက် ရာသီအနေနဲ့ ပြန်လည်တင်ဆက်ခဲ့ပါတယ်။ Highlight အဖွဲ့ဝင် ယွန်းဒိုဂျွန်းဟာ မင်းသမီး ဘတ်ဂျင်ဟီးနဲ့အတူ tvN ရုပ်သံလိုင်းရဲ့ “Let’s Eat” ဇာတ်လမ်းတွဲ တတိယမြောက်ရာသီမှာ တရားဝင်ပြန်လည်ပါဝင်လာတော့မှာဖြစ်ပါတယ်။ ဧပြီ ၁၁ ရက်မှာပဲ tvN ရုပ်သံလိုင်းရဲ့ သတင်းရင်းမြစ်တစ်ခုက သရုပ်ဆောင်နှစ်ဦးဟာ “Let’s Eat3” မှာ ခေါင်းဆောင်သရုပ်ဆောင် တွေအဖြစ်ပါဝင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံလိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။  “Let’s Eat” ဇာတ်လမ်းတွဲကို ၂၀၁၃ ခုနှစ်မှ ပထမဆုံးထုတ်လွှင့်ခဲ့ပြီး အစားအသောက်မြင်ကွင်းတွေနဲ့ တစ်ဦးတည်းနေထိုင်ရတဲ့လူတွေရဲ့ စားသောက်ပုံအမူအကျင့်ပုံစံတို့အကြောင့် နာမည်ကျော်ကြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဒုတိယမြောက် ရာသီအနေနဲ့ ပြန်လည်တင်ဆက်ခဲ့ပါတယ်။ 


ဒါဟာ ယွန်းဒိုဂျွန်းအတွက်တော့ ဒီဇာတ်လမ်းတွဲထဲမှာ တတိယအကြိမ်မြောက်အဖြစ် ပါဝင်လာမှာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီဇာတ်လမ်းတွဲနှစ်ခုလုံးမှာ ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ် မင်းသမီး ဘတ်ဂျင်ဟီးကတော့ ပထမရာသီမှာ လီဆူဂျောင်းနဲ့ ဒုတိယရာသီမှာ ဆောယောင်ဂျင်းတို့ရဲ့ ခြေလှမ်းအတိုင်း ထပ်ဆောင်ပါဝင်လာတာလည်း ဖြစ်ပါတယ်။ 

“Let’s Eat 3” ဇာတ်လမ်းတွဲကို “You Who Forgot Poetry” and “About Time” တို့ပြီးတဲ့နောက် လာမယ့် ဇူလိုင်လမှာ ထုတ်လွှင့်ပြသသွားဖို့ရှိနေပါတယ်။soompi

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

ဆက်စပ်နေသော ရေးသားချက်များ

  • “Radio Romance” ဇာတ်လမ်းတွဲ တရားဝင် ပိုစတာထွက်ပေါ်လာ

    KBS2 TV ရုပ်သံလိုင်းကနေ တနင်္လာနဲ့ အင်္ဂါနေ့တို့မှာ ထုတ်လွှင့်တော့မယ့် “Radio Romance” ဇာတ်လမ်းတွဲ ပြသဖို့ တစ်ပတ်တောင်မလိုတော့တဲ့ အချိန်မှာပဲ ဇာတ်ကောင်လေးဦးလုံးပါဝင်တဲ့ အဖွဲ့လိုက် ပိုစတာပုံ ထွက်ပေါ်လာပါတယ်၊

Banner Top