YG အင်တာတိန်းမန့်ကို ဝေဖန်ရန်မရည်ရွယ်ခဲ့ကြောင်း လီဂျောင်ဆော့ ရှင်းလင်း
- Category: News
သြဂုတ် ၂၁ ရက်မှာ မင်းသားလီဂျောင်ဆော့ဟာ သူ့ရဲ့ ရုပ်ရှင်သစ်ဖြစ်တဲ့ “V.I.P” အကြောင်း ဆွေးနွေးတဲ့ အင်တာဗျူးတစ်ခုမှာပါဝင်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ ပရိသတ်တွေ့ဆုံပွဲ ဘာကြောင့်ရွှေ့ဆိုင်းလိုက်ရတယ်ဆိုတဲ့ အကြောင်းနဲ့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ YG အင်တာတိန်းမန့်နဲ့ ဆက်ဆံရေးအဖုအထစ်လေးတွေ ရှိတဲ့ အကြောင်းကို အရိပ်အမြွက်ပြောကြားခဲ့တဲ့ အင်စတာဂရမ်ပို့စ်အကြောင်းနဲ့ ပတ်သက်လို့ ပြောပြပေးခဲ့ပါတယ်။
“လူမှုကွန်ရက်မီဒီယာကို သုံးတဲ့အခါမှာ ပရိသတ်တွေဟာ ပထမနေရာရဲ့အရှေ့က သုညနေရာရှိပါတယ်။ အဲဒီ လူမှုကွန်ရက်မီဒီယာဟာ မလိုအပ်ဘဲ အချိန်ဖြုန်းနေသလိုဖြစ်တယ်လို့ ပြောတဲ့ လူအများကြီးရှိပါတယ်၊ ဒါကြောင့် ကျွန်တော်ရေးတဲ့ ဆောင်း ပါး တစ််ပုဒ်လို့ ကျွန်တော်သိနေတဲ့အတွက် မကြာခဏ ကျွန်တော် မှတ်ချက်ရေးလေ့မရှိပါဘူး၊ လူမှုကွန်ရက်မီဒီယာကို သုံးရတဲ့ အကြောင်းအရင်းကလည်း ဒီနေ့ကျွန်တော်ဘာလုပ်ခဲ့တယ်ဆိုတာကို ပြောပြဖို့ပဲ ဖြစ်ပါတယ်”
“ပရိသတ်တွေ့ဆုံပွဲအတွက် ကျွန်တော်ဟာ ပရိသတ်တွေနဲဲ့ ကတိစကားတစ်ခုထားခဲ့ပါတယ်၊ နှစ်တိုင်းမှာ တူညီတဲ့ အချိန်နဲ့ ရက်မှာ လုပ်ခဲ့ပါတယ်၊ တကယ်လို့ ဖျက်သိမ်းခဲ့တာမျိုး ရွှေ့ဆိုင်းခဲ့တာမျိုးရှိရင် ကျွန်တော် နည်းနည်း လောက်တော့ရှင်း ပြခဲ့ပါတယ် ၊ ဒါဟာ တိုက်ခိုက်မှုတစ်ခုလို့ အဓိပ္ပါယ်ကောက်ယူလိုက်မယ်လို့ ကျွန်တော် မထင်ခဲ့မိပါဘူး”
“YG ဟာ ကုမ္ပဏီကောင်းတစ်ခုဖြစ်ပါတယ်၊ အဲဒါဟာ ကုမ္ပဏီကောင်းတစ်ခုပါ၊ ဒါပေမယ့် အကျပ်အတည်းဖြစ်စေမယ့် အခြေအနေတစ်ခုဆီသို့ ကျွန်တော်မရည်ရွယ်ဘဲနဲ့ ဆွဲခေါ်ခဲ့မိပါတယ်၊ ရွှေ့ဆိုင်းလို့လည်းရတယ်၊ နောက်ဆုတ်လို့လည်းရတယ်လို့ ကျွန်တော်ထင်ထားခဲ့တဲ့ ပရိသတ် တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ကုမ္ပဏီရဲ့ အမြင်တွေလည်း ရှိတာဖြစ်ပေမယ့် ကျွန်တော်လည်း ပရိသတ်တွေကို သိစေချင်ခဲ့တာပါ၊ ဒါပေမယ့် စကားလုံးမှားယွင်းသုံးစွဲလိုက်မိတယ်လို့ ထင်ပါတယ်”
V.I.P ရုပ်ရှင်ဟာ ကွင်းဆက်လူသတ်သမားလို့ သံသယရှိခံရတဲ့ မြောက်ကိုရီးယားက VIP ဧည့်သည်တစ်ယောက်အကြောင်းကို ဇာတ််အိမ်ဖွဲ့ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်၊ သြဂုတ် ၂၃ ရက်ကစလို့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွား မှာဖြစ် ပါတယ်။
Ref:soompi
ဆက်စပ်နေသော ရေးသားချက်များ
-
အတွင်းပိုင်းဇိမ်ခံပစ္စည်းတွေကြောင့် YG ရဲ့ဌာနချုပ်အသစ် ပရိသတ် စိတ်ဝင်စားမှုရနေ
YG အင်တာတိန်းမန့်ရဲ့ ဌာနချုပ်အသစ်အဆောက်အဦဟာ အထဲမှာရှိတဲ့ ဇိမ်ခံပစ္စည်းတွေကြောင့် ပရိသတ်စိတ်ဝင်စားမှုခံနေရတယ်လို့ သိရပါတယ်။
-
G-Dragon ရဲ့ Comback အစီအစဉ်ကို YG အတည်ပြု
G-Dragon ဟာ မကြာခင် ပြန်လာတော့မှာဖြစ်ပါတယ်။
-
TREASURE အဖွဲ့နဲ့ ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေကို YG ထုတ်ပြန်ကြေညာ
ဒီကောင်လေးတွေကို မကြာခင်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။
-
၂၀၂၀ အတွက် အလှဆုံးမျက်နှာ ၁၀၀ စာရင်းမှာ ဆန်ခါတင်ဝင်ထားတဲ့ YG မှ Idol များ
TC Candler ရဲ့ "100 Most Beautiful Faces" အလှဆုံး မျက်နှာ ၁၀၀ နဲ့ "100 Most Handsome Faces" အချောဆုံး မျက်နှာ ၁၀၀ အတွက် မဲပေးရမဲ့အချိန်ကို ရောက်ရှိလာပြန်ပါပြီ။
-
SM နဲ့ YG အင်တာတိန်းမန့်တို့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တဲ့ ရက်ပ်ပါလေး Bang Jaemin
ဒီ ရက်ပ်ပါလေးကတော့ SM နဲ့ YG အင်တာတိန်းမန့်တို့ဆီကနေ ကမ်းလှမ်းချက်တွေကို ငြင်းပယ််ခဲ့တယ်လို့ ဆိုပါတယ်။ သူက Bang Jaemin ကလွဲလို့ ဘယ်သူရှိဦးမလဲ။ Bang Jaemin ဟာ အခုအချိန်မှာ အထက်တန်း ကျောင်းသားလေးတစ်ဦးသာ ဖြစ်ပြီးတော့ Rap ကို စိတ်ဝင်စားကြတဲ့သူတွေက School Rapper 2 အစီအစဉ်မှာ သူပါဝင်ခဲ့ပြီးတဲ့နောက် သူ့ကို ပိုပြီး သဘောကျလာကြပါတယ်။