Warning
  • JUser: :_load: Unable to load user with ID: 614

Banner Top

Member Area

TWICE ၏ ဂျပန်ပွဲဦးထွက် အယ်လ်ဘမ် ပလက်တီနမ်အဆင့် သတ်မှတ်ခံရ

  •  
  • Category: News

TWICE ရဲ့ ပထမဆုံးဂျပန်အယ်လ်ဘမ်ဟာ ပလက်တီနမ်အဆင့် သတ်မှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ TWICE အဖွဲ့ရဲ့ ဂျပန်ပွဲဦးထွက်အယ်လ်မ်ဟာ ကောပ်ီချပ်ရေ ၂ သိန်းခွဲကျော်ရောင်းချခဲ့ရပြီး ပလက်တီနမ်အဆင့် သတ်မှတ်ခံခဲ့ရတာဖြစ်တယ်လို့ သြဂုတ် ၁ဝ ရက်မှာ ဂျပန်အသံသွင်းလုပ်ငန်းအသင်းက ကြေညာခဲ့တာဖြစ်ပါတယ်။

Twice

 

TWICE အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန် ၂၈ မှာ ဂျပန်ပွဲဦးထွက်အယ်လ်ဘမ်ကို ထုတ်ခဲ့ပြီးကတည်းက များစွာသော အောင်မြင်မှုတွေကို ဆက်တိုက်ရရှိနေရာမှာ ဂျပန်မှာရှိတဲ့ iTunes အယ်လ်ဘမ်ဇယားမှာ ထိပ်ပိုင်းရယူနိုင်ခဲ့ပြီး အယ်လ်ဘမ်ထဲက သီချင်းတွေဟာ Line Music ဇယားမှာ နေရာ ငါးအခုအထိ ဝင်ခဲ့ပါတယ်။ မကြာသေးမီကပဲ အယ်လ်ဘမ်ဟာ အော်ရီကွန်နေ့စဉ်အယ်လမ်ဘမ်ဇယားမှာ မဖြန့်ချိခင်ကတည်းက တစ်လကျော်ကြာ နံပါတ် တစ်နေရာမှာ ရောက်ရှိနေခဲ့တာပါ။ အခုလိုမျိုး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ TWICE အဖွဲ့၊ ဂုဏ်ယူပါတယ်။

#Micky

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top