နှစ်စဉ်ကြော်ငြာလုပ်ငန်းတစ်ခုတည်းကနေ ဝင်ငွေ ဝမ် ၅၀ ဘီလီယံဝင်နေတဲ့ မင်းသား Kim Soo Hyun
- Y Nay
- Category: News
ဒီနှစ်မှာ အသက် ၃၅ နှစ်ပြည့်တော့မယ့် မင်းသား Kim Soo Hyun ဟာ ကြော်ငြာလုပ်ငန်းကနေ ဝင်ငွေတွေအများကြီးရနေတဲ့အကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဇန်နဝါရီ ၈ ရက်မှာထုတ်လွှင့်ခဲ့တဲ့ ‘Secret Newsroom‘ အစီအစဉ်မှာ ၂၀၀၇ ခုနှစ်ကစလို့ ပွဲဦးထွက်ခဲ့တဲ့ မင်းသား Kim က အမျိုးမျိုးသော လုပ်ငန်းတွေကနေတဆင့် သူဘယ်လောက်ကြွယ်ဝချမ်းသာလာတယ်ဆိုတဲ့အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်ကထုတ်လွှင့်ခဲ့တဲ့ ‘The Moon Embracing the Sun‘ မှာ ပါဝင်ခဲ့ပြီးတဲ့နောက် မင်းသားဟာ ကြော်ငြာ ၁၇ ခုမှာ ပါဝင်ခဲ့ပြီး ဝမ် ၈ ဘီလီယံရခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ‘My Love from the Star‘ စီးရီးအပြီးမှာတော့ တရုတ်နိုင်ငံမှာ ကြော်ငြာတွေတော်တော်များများရိုက်ကူးခဲ့ပြီး ဝမ် ၂၀ ဘီလီယံတောင်ရခဲ့လို့ '၂၀ ဘီလီယံ အမျိုးသား'လို့တောင် နာမည်ခေါ်တွင်ခဲ့ပါတယ်။
အဲဒီအချိန်မှာတော့ မင်းသားရဲ့ နှစ်စဉ်ကြော်ငြာဝင်ငွေဟာ ခန့်မှန်းချေ ဝမ် ဘီလီယံ ၅၀ အထိ ရောက်လာခဲ့ပါတယ်။ အဲဒါကြောင့် မင်းသား Kim ဟာ ၂၀၁၅ ခုနှစ်မှာ Forbes မဂ္ဂဇင်းက ရွေးချယ်ထားတဲ့ အနုပညာရှင်တွေကြားမှာ ရောင်းအားအကောင်းဆုံး ပထမနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ကြော်ငြာဝင်ငွေသာမက မင်းသားရဲ့ စီးရီးတွေမှာ အပိုင်း ၁ ပိုင်း ပါဝင်ခဟာ တော်တော်လေးကို မြင့်မားတာတွေ့ရပါတယ်။
မကြာသေးခင်က ပါဝင်ခဲ့တဲ့ ‘One Day‘ စီးရီးမှာတော့ အပိုင်း ၁ ပိုင်းကို ဝမ် သန်း ၅၀၀ ရရှိတယ်လို့လည်းဆိုပါတယ်။ အဲဒါကြောင့် မင်းသား Kim ဟာ ကိုရီးယားက အမျိုးသား သရုပ်ဆောင်တွေကြားမှာ သရုပ်ဆောင်ခအမြင့်မားဆုံးအနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ မင်းသားဟာ ဆိုးလ်မြို့ ဆောင်းဆူဒုံအရပ်မှာရှိတဲ့ နာမည်အကျော်ကြားဆုံးနေရာတစ်ခုဖြစ်တဲ့ လူနေကွန်ပလပ်စ်မှာနေထိုင်ပြီ အဲဒီတိုက်ခန်းကနေ ဆိုးလ်ရဲ့ အထူးဆွဲဆောင်ရာနေရာ ဆိုးလ်သစ်တောကို လှမ်းမြင်ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဟန်မြစ်ကိုလည်း အဲဒီအဆောက်အဦကနေ မြင်နိုင်တယ်လို့ သိရပါတယ်။
.
ဆက်စပ်နေသော ရေးသားချက်များ
-
'My Love from the Star' ဂျပန်ဗားရှင်းကို ပရိသတ်တွေ ဘယ်လိုတုံ့ပြန်ထားသလဲ
၂၀၁၈ ခုနှစ်မှာ SBS ရုပ်သံကနေ ပြသခဲ့တဲ့ စီးရီးကို ဂျပန်ဗားရှင်းအနေနဲ့ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။
-
ကွင်းဆက်လူသတ်သမားအဖြစ် Netflix စီးရီးမှာသရုပ်ဆောင်မယ့် Kim Soo Hyun
မင်းသား Kim Soo Hyun ဟာ Netflix Original Series ဖြစ်တဲ့ 'Finger' မှာ ပါဝင်သရုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။