Banner Top

Member Area

ကွင်းဆက်လူသတ်သမားအဖြစ် Netflix စီးရီးမှာသရုပ်ဆောင်မယ့် Kim Soo Hyun


မင်းသား Kim Soo Hyun ဟာ Netflix Original Series ဖြစ်တဲ့ 'Finger' မှာ ပါဝင်သရုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၈ ရက်မှာ မင်းသား Kim Soo Hyun ဟာ Netflix Original Series ဖြစ်တဲ့ 'Finger' မှာ ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

201488399 1280
မင်းသားရဲ့ စီမံခန့်ခွဲရေးအေဂျင်စီ GOLD MEDALIST က မင်းသားဟာ 'Finger' ထဲက ဇာတ်ကောင်တစ်ခုအတွက် ကမ်းလှမ်းခံထားရတယ်လို့ ပြောဆိုခဲ့ပါတယ်။ အေဂျင်စီက "အခုလတ်တလောမှာ စဉ်းစားနေတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။" လို့ မှတ်ချက်ပေးခဲ့ပါတယ်။

201488398 1280

 'Finger' စီးရီးကို 'Eungyo' (2012) ,'4th Place' (2015), 'Heart Blackened' (2017), 'Tune in for Love' (2019) ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ကင်ဂျီဝူးက ရိုက်ကူးမှာဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်ဟာ ၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်'American Psycho' ရဲ့ ကိုရီးယားဗားရှင်းဖြစ်လာမှာလည်း ဖြစ်ပါတယ်။ လူတိုင်းက နာမည်ကျော် အလုပ်ကြိုးစားတဲ့ ဗိသုကာပညာရှင်လို့ လူသိများကြတဲ့ ကွင်းဆက်လူသတ်သမား တစ်ယောက်အကြောင်း ဖြစ်ပါတယ်။ မင်းသားဟာ ကွင်းဆက်လူသတ်သမား ဇာတ်ရုပ်ကနေ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတာလည်း ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကတော့ ရိုက်ကူးရေးကို လာမယ့်နွေဦးရာသီမှာ စတင်နိုင်ဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top