Banner Top

Member Area

'My Love from the Star' ဂျပန်ဗားရှင်းကို ပရိသတ်တွေ ဘယ်လိုတုံ့ပြန်ထားသလဲ

၂၀၁၈ ခုနှစ်မှာ SBS ရုပ်သံကနေ ပြသခဲ့တဲ့ စီးရီးကို ဂျပန်ဗားရှင်းအနေနဲ့ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၉ ရက်မှာ Amazon Prime Video Japan ကနေ 'My Love from the Star' ကိုရီးယား စီးရီးရဲ့ ဂျပန်ဗားရှင်းအတွက် Official Teaser ကို ဖြန့်ချိခဲ့ပါတယ်။ မင်းသား ဖူကူရှီ ဆိုတိုင်နဲ့ မင်းသမီး မီဇူကီ ယာမာမိုတိုတို့က ဒိုမင်ဂျွန်း (ကင်ဆိုဟွန်း) နဲ့ ချောင်းဆုန်းရီ (ဂျွန်းဂျီယွန်း)တို့ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

20220120 033608 822 0

အခု ဂျပန်ပြန်လည်ဖန်တီးမှုမှာတော့ မူရင်းစီးရီးနဲ့ တတ်နိုင်သမျှဆင်တူတောင် မှီငြမ်းဖို့ ကြိုးစားထားပုံရပါတယ်။ အင်တာနက်သုံးစွဲသူတော်တော်များများကတော့ ကိုရီးယား ဗားရှင်းလိုမျိုး ပရိသတ်တော်တော်များများကို ဆွဲဆောင်ဖို့ တော်တော်လေးကိုခက်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။ ထုတ်လွှင့်ပြသနေခဲ့တဲ့အချိန်မှာ 'My Love from the Star' ကိုရီးယားစီးရီးဟာ ကိုရီးယားနိုင်ငံမှာသာမက တရုတ်နဲ့ တခြားနိုင်ငံတွေမှာ ကိုရီးယားရေလှိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နှစ်တွေ တော်တော်များများကြားခဲ့ပေမယ့်လည်း ပရိသတ်တော်တော်များများဟာ အဲဒီဒရာမာကို အချိန်နဲ့အမျှပြန်လည် ကြည့်ရှုနေကြဆဲဖြစ်ပါတယ်။

20220120 033507 063 0

ဂျပန်ကနေ ပြန်လည်ဖန်တီးထားတဲ့ အဲဒီစီးရီးနဲ့ပတ်သက်တဲ့ မှတ်ချက်တော်တော်များများမှာတော့ "ကိုရီးယားဗားရှင်လိုမျိုး နာမည်ကျော်ကြားမှုရစေဖို့ တော်တော်ခက်လိမ့်မယ်လို့ ထင်တယ်" "ကင်ဆိုဟွန်းနဲ့ ဂျွန်းဂျီဟွန်းကိုတော့ ဘယ်သူမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး" "အပိုင်းတော်တော်များများကို ကြည့်ပြီး ဘယ်လောက်ကောင်းတယ်ဆိုတာကို ကြည့်ဖို့ ကြိုးစားမယ်" စသဖြင့် ရေးသားထားကြပါတယ်။

'My Love from the Star' ဂျပန် ဗားရှင်းကို လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်ကစလို့ Amazon Prime Video Japan ကနေ စတင်ထုတ်လွှင့်တော့မှာဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top