Logo
Print this page

COVID-19 ကူးစက်ခံခဲ့ရတဲ့ Golden Child အဖွဲ့ဝင် Jaehyun

Golden Child အဖွဲ့ဝင် Jaehyun ဟာ ကိုဗစ်ပိုးကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက်မှာ သူ့ရဲ့ အေဂျင်စီ Woollim Entertainment က Jaehyun ဟာ COVID-19 စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ အေဂျင်စီကတော့ "သူဟာ ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းမှာ စစ်ဆေးမှု ခံယူခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၇ ရက် မနက်ခင်းမှာတော့ ပိုးတွေ့တယ်လို့ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ စီစဉ်ထားတဲ့ ရိုက်ကူးရေးအပြင် Bong Jaehyun ဟာ တခြားပြင်ပလုပ်ငန်းတွေမှာ ပါဝင်ခဲ့တာမျိုးမရှိခဲ့ပါဘူး။ သူနဲ့အတူ ထိတွေ့ခဲ့တဲ့ ဝန်ထမ်းတွေအားလုံးဟာ စမ်းသပ်စစ်ဆေးမှုအပါအဝင် လိုအပ်တဲ့ ဆောင်ရွက်မှုတွေကိုခံယူရမှာဖြစ်ပါတယ်။" လို့ ဆိုပါတယ်။

Woollim ရဲ့အဆိုအရ Jaehyun ဟာ ရောဂါလက္ခဏာပြသမှု မရှိဘူးလို့ သိရပါတယ်။ သူဟာ ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း သီးခြား ခွဲနေမှာ ဖြစ်တယ်လို့ သိရပါတယ်။ အေဂျင်စီကတော့ သူ့ရဲ့ အဆောင်မှာရော Woollim ရဲ့ဌာနချုပ်မှာပါ ရောဂါကူးစက်ခံရမှုမရှိဘူးလို့ ဆိုပါတယ်။ တခြား Golden Child အဖွဲ့ဝင်တွေအားလုံးနဲ့ ဝန်ထမ်းတွေအားလုံးဟာ Jaehyun နဲ့ထိတွေ့ခဲ့တာပဲဖြစ်ဖြစ်မထိတွေ့ခဲ့တာပဲဖြစ်ဖြစ် စစ်ဆေးမှုခံယူရမှာဖြစ်ပြီး elf-quarantine ဝင်ကြရမှာဖြစ်ပါတယ်။
Woollim Entertainment ကတော့ Golden Child, INFINITE, Lovelyz, Rocket Punch တို့ရဲ့ အေဂျင်စီလည်း ဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!