Banner Top

Member Area

LG ရဲ့ နောက်ဆုံးထွက်စမတ်ဖုန်း 'LG Wing' မော်ဒယ်ဖြစ်လာတဲ့ Golden Child အဖွဲ့ဝင် Bomin

  •  WN
  • Category: News

Golden Child အဖွဲ့ဝင် Bomin ဟာ 'LG Wing' ရဲ့ မော်ဒယ် ဖြစ်လာခဲ့ပါပြီ။

အောက်တိုဘာ ၁၅ ရက်မှာ သူ့ရဲ့အေဂျင်စီ Woollim အင်တာတိန်းမန့်ကနေ Bomin ဟာ LG အီလက်ထရောနစ်ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်း 'LG Wing' အတွက် ကမ်ပိန်းမော်ဒယ်အဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီကမ်ပိန်းဟာအောက်တိုဘာ ၆ ရက်နေ့မှာ စတင်ခဲ့ပြီးဖြစ်ပါတယ်။


LG အီလက်ထရောနစ်ရဲ့အဆိုအရ Bomin ဟာ Brand ရဲ့ ပုံရိပ်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ခံစားရတဲ့ သူ့ရဲ့ တောက်ပပြီး ဖြူစင်တဲ့ ရုပ်ရည်အသွင်အပြင်၊ အဆိုတော်တစ်ဦး၊ မင်းသားတစ်ဦးအနေနဲ့ပါ နာမည်ကျော်ကြားမှုအတွက် ရွေးချယ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။


အရင်တုန်းကတော့ အားကစားသားတွေဝတ်ဆင်ကြတဲ့ Brand ဖြစ်တဲ့ e Coq Sportif ၊ lilybyred နဲ့ My Dahlia တို့လိုမျိုး အလှကုန် Brand တွေအတွက် ကမ်ပိန်းတော်တော်များများကိုလည်း Bomin က အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

Bomin ဟာ JTBC ရုပ်သံရဲ့ '18 Again' ဒရာမာမှာ စာတော်တဲ့ကျောင်းသား ဆောဂျီဟိုအဖြစ်ပါဝင်နေပါတယ်။ သူနဲ့သူ့ရဲ့ အဖွဲ့ Golden Child တို့ဟာ အောက်တိုဘာ ၇ ရက်မှာ ထွက်ရှိခဲ့တဲ့ ဒုတိယမြောက် Single အယ်လ်ဘမ် 'Pump It Up' အတွက် ပရိုမိုးရှင်းပြုလုပ်နေပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

  • COVID-19 ကူးစက်ခံခဲ့ရတဲ့ Golden Child အဖွဲ့ဝင် Jaehyun

    Golden Child အဖွဲ့ဝင် Jaehyun ဟာ ကိုဗစ်ပိုးကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။

  • Men's Health မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါဝင်လာတဲ့ Golden Child အဖွဲ့ဝင် Jangjun

    Golden Child အဖွဲ့ဝင် Jangjun ဟာ နိုဝင်ဘာလထုတ် 'Men's Health ' မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပါဝင်လာခဲ့ပါတယ်။

  • LG စမတ်ဖုန်း မျက်နှာသစ်မော်ဒယ်တွေဖြစ်လာတဲ့ BTS အဖွဲ့

    BTS အဖွဲ့ဟာ LG စမတ်ဖုန်းရဲ့ မျက်နှာသစ်မော်ဒယ်တွေ ဖြစ်လာပါပြီ၊ ဧပြီလ ၃ ရက်နေ့ကစလို့ LG Electronics ဟာ သူတို့ရဲ့ စမတ်ဖုန်းတွေအတွက် ကြော်ငြာမော်ဒယ်တွေ အဖြစ် BTS အဖွဲ့နဲ့ စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါပြီ။ သူတို့ဟာ ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်ကာလမှာ ဖြန့်ချိဖို့ စီစဉ်ထားတဲ့ ပရီမီယံစမတ်ဖုန်းတွေကို မော်ဒယ်အနေနဲ့ ဆောင်ရက်ပေးကြမှာဖြစ်ပြီး SNS ကနေတဆင့်လည်း အလုပ်လုပ်ကြမှာဖြစ်ပါတယ်။BTS အဖွဲ့ဟာ LG စမတ်ဖုန်းရဲ့ မျက်နှာသစ်မော်ဒယ်တွေ ဖြစ်လာပါပြီ၊ ဧပြီလ ၃ ရက်နေ့ကစလို့ LG Electronics ဟာ သူတို့ရဲ့ စမတ်ဖုန်းတွေအတွက် ကြော်ငြာမော်ဒယ်တွေ အဖြစ် BTS အဖွဲ့နဲ့ စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါပြီ။ သူတို့ဟာ ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်ကာလမှာ ဖြန့်ချိဖို့ စီစဉ်ထားတဲ့ ပရီမီယံစမတ်ဖုန်းတွေကို မော်ဒယ်အနေနဲ့ ဆောင်ရက်ပေးကြမှာဖြစ်ပြီး SNS ကနေတဆင့်လည်း အလုပ်လုပ်ကြမှာဖြစ်ပါတယ်။


    LG က “ ကျွန်တော်တို့ဟာ ဆက်တိုက်ကြိုးပမ်းမှုနဲ့ ခိုင်မာတဲ့အရည်အချင်းတွေကြောင့် ကမ္ဘာပေါ်မှာ အကောင်းဆုံးအနုပညာရှင်ဖြစ်လာတဲ့ BTS အဖွဲ့နဲ့အတူ LG အီလက်ထရောနစ်စမတ်ဖုန်း ပုံရိပ်ကို တည်ဆောက်တော့မှာဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 
    allkpop

Banner Top