Banner Top

Member Area

Men's Health မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါဝင်လာတဲ့ Golden Child အဖွဲ့ဝင် Jangjun

  •  YuNandarHtun
  • Category: News

Golden Child အဖွဲ့ဝင် Jangjun ဟာ နိုဝင်ဘာလထုတ် 'Men's Health ' မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပါဝင်လာခဲ့ပါတယ်။

သူရဲ့ မျက်နှာဖုံးရုပ်ပုံမှာ Jangjun က လေ့ကျင့်ခန်းနဲ့ကြံ့ခိုင်မှုကိုချစ်မြတ်နိုးကြောင်းပြသခဲ့ပြီးနဲ့ သူ့ရဲ့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်အထက်ပိုင်းကိုပထမဆုံးအကြိမ်ထုတ်ဖော်ပြသခဲ့ပါတယ်။ တခြားမျက်နှာဖုံးပုံရိပ်မှာတော့ Jangjun ဟာ သူ့ရဲ့ ရင့်ကျက်တဲ့ ဆွဲဆောင်မှုကို အလေးပေးဖော်ပြတဲ့ ရိုးရိုးရှင်းရှင်းနဲ့ classic ဆန်တဲ့ အနောက်တိုင်းဝတ်စုံနဲ့ ပုံရိပ်လည်း ပါဝင်တာကိုတွေ့ရပါတယ်။


သူ့ရဲ့ အင်တာဗျူးအတွင်းမှာတော့ Jangjun လေ့ကျင့်ခန်းလုပ်တာနဲ့ပတ်သက်လို့ အလွယ်တကူလုပ်ဆောင်နိုင်မယ့်အချက်လေးတွေ၊ ဘာပစ္စည်းကိရိယာမှမရှိဘဲ ဘယ်နေရာမှာမဆို လေ့ကျင့်ခန်းလုပ်လို့ရတဲ့အကြောင်း စာဖတ်သူတွေကို ပြောပြရင်း အားကစားကိုချစ်မြတ်နိုးတဲ့သူ့ရဲ့ စိတ်ကို ပြသခဲ့ပါတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top