Logo
Print this page

မွေးနေ့အတွက်ဆုတောင်းပေးခဲ့ကြသူတွေကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ မင်းသမီး ဆောင်းဟေဂို

မင်းသမီး ဆောင်းဟေဂိုဟာ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ သူ့ရဲ့ IG Story ကနေပြီး မွေးနေ့ဆုတောင်းပေးကြသူတွေကို ကျေးဇူးတင်စာ ရေးတင်ခဲ့ပါတယ်။

"အကုန်လုံးရဲ့ မွေးနေ့ဆုတောင်းစကားပေးမှုတွေကြောင့် အရမ်းကိုပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိတဲ့ နေ့လေးတနေ့အဖြစ် ကုန်ဆုံးခဲ့ရပါတယ်။ လူတိုင်း လုံခြုံဘေးကင်းဖို့ ကျွန်မမျှော်လင့်ပြီး မိသားစုတွေနဲ့အတူပျော်ရွှင်စွာ နေနိုင်ကြဖို့လည်း ဆုတောင်းပေးပါတယ်။ ဆုတောင်းပေးခဲ့ကြတဲ့အတွက် တခါထပ်ပြီး ကျေးဇူးတင်ပါတယ်။ ကောင်းမွန်တဲ့နေ့လေးတနေ့ ဖြစ်ကြပါစေ "

_Song Hye Kyo

1606226219 20201124 songhyekyo2

မင်းသမီးဟာ သူ့ရဲ့ အသက်၃၉နှစ်ပြည့်(ကိုးရီးယား ၄၀နှစ်ပြည့်) မွေးနေ့ကို နိုဝင်ဘာလ ၂၂ရက်နေ့က ကျင်းပခဲ့တာပါ။

တခြားသတင်းမှာတော့ဆောင်းဟေဂို ဟာ 'Choi Hwa Jung's Guide' စာအုပ်ပေါင်း ၁၀, ၀၀၀ ကို Sungshin အမျိုးသမီးတက္ကသိုလ်နဲ့ လွတ်လပ်ရေးလှုပ်ရှားသူ Choi Jae Hyung ရဲ့ အောက်မေ့ဖွယ် စီမံကိန်းမှာလည်း လှူဒါန်းခဲ့ပါသေးတယ်။

J

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!