Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

Jun Ji-hyun Vs Song Hye-kyo ဒရာမာဘုရင်မ နှစ်ယောက်အကြောင်း

‌ရေမတွက်နိုင်လောက်အောင်များပြားတဲ့ ကိုရီးယား ဒရာမာစီးရီးတွေရှိပါတယ်။

သူတို့တွေထဲကမှ ပရိသတ်တွေ အရူးအမူးကြိုက်ခဲ့ကြတဲ့ My Love From Another Star ဇာတ်လမ်းမှာဆိုရင် ပရိသတ်တွေသဘောကျခဲ့တဲ့ Key Word ကတော့ Chimaek – Korean Fried Chicken and beer--ဆိုတဲ့ မင်းသမီး ချောင်းဆုန်းရီ သဘောကျနှစ်သက်တဲ့ အစားအစာ ,ဒီကားကြည့်တုန်းကဆိုရင် ချောင်းဆုန်းရီ ပြောတဲ့ Chimaek ကိုအရမ်းစားချင်ခဲ့တဲ့ အထိပါပဲ။ ဒါကတော့ မင်းသမီး Jun Ji Hyun ရဲ့ ထူးခြားဆန်းကြယ် ဒရာမာလေးပါ။

you who came from the stars

နိုင်ငံတကာက ပရိသတ်တွေကို ကိုရီးယားဒရာမာ အဖျား တက်စေခဲ့ကားလို့ ပြောရင် Descendants Of The Sun ကိုချန်ခဲ့လို့ဘယ်ဖြစ်မလဲ။ စစ်သားလေးနဲ့ ဆရာဝန်မလေးရဲ့ အချစ်ဇာတ်လမ်း Song-Song Couple ရဲ့အစပေါ့။ Song- Song Couple ရဲ့ အဆုံးသတ်ကဝမ်းနည်းဖို့ကောင်းပေမဲ့လည်း DOTS ကို ပရိသတ်တွေအလွန်သဘောကျပါတယ်။

647f70f7bc2a413bb7371e3093f37bda

ကိုရီးယားနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးတွေဖြစ်ကြတဲ့ Jun Ji Hyun ၊Song Hye Kyo သူတို့နှစ်ယောက်ထဲက တစ်ယောက်ကိုရွေးရမယ်ဆိုရင် ပရိသတ်တွေရော ဘယ်သူ့ကိုရွေးကြမလဲ..??
ဆုံးဖြတ်ချက်ချဖို့လွယ်ကူဖို့ သူတို့နှစ်ယောက်အကြောင်းလေးကို ပြောပြပေးပါမယ်....

၂၀၁၆ ခုနှစ် : Jun Ji Hyun ရဲ့ Legend of the Blue Sea Vs Song Hye Kyo ရဲ့ Descendants of the Sun

2016 11 23 16491 1479893521. large


၂၀၁၆ ခုနှစ်မှာ မှာထွက်ခဲ့ကြတဲ့ Jun Ji Hyun ရဲ့ ရေသူမလေးရဲ့ ဇာတ်လမ်းလေးနဲ့ Song Hye Kyo ရဲ့ ဆရာဝန်မလေးရဲ့ ဇာတ်လမ်း ပြောပြစရာမလိုအောင်ကိုပင် သိကြမယ်လို့ထင်ပါတယ် ။ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးဇာတ်ညွှန်‌ရေးဆရာမကြီးတွေဖြစ်ကြတဲ့ Park Ji Eun-- (Crash Landing On You) နဲ့ Kin Eun Sook –(Guardian: The Lonely and Great God) ကိုရေးသားခဲ့ကြတဲ့ သူတွေပဲဖြစ်ပါတယ်။

2656

Legend of the Blue Sea မှာတော့ ဂျိုဆွန်းခေတ်မှာစတင်ခဲ့တဲ့ ရေသူမလေးရဲ့ မဆုံဆည်းခဲ့ရတဲ့ အချစ်ဇာတ်လမ်းလေး အနာဂတ်မှာ ဆုံဆည်းကြတဲ့အကြောင်းလေးကို Jun Ji Hyun နဲ့ Lee Min Ho တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဆိုးလ်မြို့မှာဆို အမြင့်ဆုံး လူကြည့်နှုန်း ၂၂ ဒဿမ ၂ ရာခိုင်နှုန်း အထိရရှိခဲ့ပါတယ် ။

descendants of the sun lede

Descendant of the Sun မှာတော့ အထူးတပ်ဖွဲ့ ခေါင်းဆောင် Song Joon Gi နဲ့ ခွဲစိတ်ဆရာဝန်မလေး Song Hye Kyo တို့ရဲ့ အချစ်ဇာတ်လမ်းလေး အကြောင်းကိုရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။

descendants of the sun2

ဆိုးလ်မြို့မှာဆို အမြင့်ဆုံး လူကြည့်နှုန်း ၃၈ ဒဿမ ၈ ရာခိုင်နှုန်းအထိရရှိခဲ့ပါတယ်။ ၅၂ ကြိမ်မြောက် Baeksang Arts Awards ဆုပေးပွဲမှာ Grand Prize အပြင် ဆုတွေအများကြီးရရှိခဲ့တဲ့ ဒရာမာဖြစ်ပါတယ် ။

၂၀၁၃ ခုနှစ် : Jun Ji Hyun ရဲ့ My Love From The Star Vs Song Hye Kyo ရဲ့ That Winter,the Wind Blows

you who came from the stars poster2
နည်းနည်းလောက်အချိန်တွေကိုနောက်ပြန်ဆုတ်ကြည့်မယ်ဆိုရင် မင်းသမီး Jun Ji Hyun နဲ့ မင်းသား Kim So Hyun တို့ပါဝင်သရုပ်ဆောင်ထားတဲ့ My Love From the Star ၊ မင်းသမီး Song Hye Kyo နဲ့ မင်းသား Jo In Sung တို့ပါဝင်သရုတ်ဆောင်ထားတဲ့ That Winter , the wind blows .

Bdgzqf

My Love From the Star ကတော့ တစ်ခြားဂြိုလ်ကနေ ရောက်ရှိလာတဲ့ ဂြိုလ်သားလေး နှစ်ပေါင်း ၄၀၀ လောက်ကမ္ဘာမြေပေါ်မှာ နေထိုင်ရင်း တောင်ကိုရီးယားနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးလေးကို ချစ်မိသွားတဲ့ အကြောင်းလေးကို ရိုက်ကူးဖော်ပြထားပါတယ်။ လူကြည့်နှုန်းအနေနဲ့ ၂၈ ဒဿမ ၁ ရာခိုင်နှုန်းအထိရရှိခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး Baeksang Arts Award for most popular actor in TV နဲ့ the Baeksang Arts Award Grand Prize (TV) အစရှိတဲ့ ဆုတွေကိုရရှိခဲ့ပါတယ် ။

That Winter ,the wind blows ကတော့ ဂျပန်ဒရာမာ Ai Nante Irane Yo, Natsu ကို အခြေခံ၍ ရိုက်ကူးထားတာဖြစ်ပါတယ်။

efef f

အချစ်ဉီးကို ဆုံးရှုံးပြီးတဲ့နောက်ပိုင်းမှာ ဘဝကိုဖြစ်သလိုရှင်သန်နေတဲ့ ကောင်လေးနဲ့ မျက်မမြင်သူဌေးသမီးလေး နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ လူကြည့်နှုန်း ၁၅ ဒဿမ ၈ ရာခိုင်နှုန်းနဲ့ Baeksang Arts Award for best director in TV ဆုကိုပါ ရရှိခဲ့ပါတယ်။

Jun Ji-hyun ၊ Kim Soo-hyun, Lee Jung-jae နဲ့ Ha Jung-woo

သူတို့ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေဆိုရင် တော်တော်အောင်မြင်ပါတယ်..အခုလိုအောင်မြင်ရတဲ့ အကြောင်းနောက်တစ်ခုကို ကြည့်မယ်ဆိုရင် အတူတူပါဝင်သရုပ်ဆောင်ခဲ့သော သရုပ်ဆောင်တွေရဲ့ ကြိုးစားမှုလည်း တစိတ်တစ်ပိုင်းပါဝင် တယ်လို့ထင်ပါတယ်။

1ca782a6b582275acfe434441976f738
Jun Ji Hyun ကတော့ ဒရာမာတင်သာမက ရုပ်ရှင်တွေလည်း ရိုက်ပါတယ် ။ My Love From the Star မှာ Kim So Hyun နဲ့ အတူတူ သရုပ်မဆောင်ခင် ၂၀၁၂ ခုနှစ်မှာ The Thieves ဆိုတဲ့ရုပ်ရှင်မှာလည်း အတူတူပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ Assassination ဆိုတဲ့ ရုပ်ရှင်မှာ သရုပ်ဆောင် Lee Jung Jae ၊ Ha Jung Woo တို့နဲ့လည်း အတူတူပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

MV5BODE4MjQ0MjMzNl5BMl5BanBnXkFtZTgwNTE2ODUyNjE. V1
သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးဇာတ်ကားတွေထဲကမှ အချို့ ...

My Sassy Girl (၂၀၀၁)

Windstruck (၂၀၀၄)

Blood: The Last Vampire (၂၀၀၉)
The Berlin File (၂၀၁၃)

Song Hye-kyo နဲ့ Park Bo-gum ၊ Rain
မင်းသမီး Song Hye Kyo နဲ့ မင်းသား Park Bo Gum တို့ ပါဝင်သရုပ်ဆောင်ထားတဲ့။ အချစ်ဇာတ်လမ်းလေး Encounter (၂၀၁၈) ဆိုရင်ကြည့်ရူသူတွေကိုသဘောတွေ့စေခဲ့ပါတယ်။

wd wq

ကိုရီးယားဒရာမာ ကိုကြည့်လာတာကြာနေပြီးဖြစ်လောက်တဲ့ ကြည့်ရူသူတွေဆိုရင် Full House (၂၀၀၄) ကိုမသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်။

full house drama

အဆိုတော်မင်းသား Rain နဲ့ မင်းသမီးချောလေး Song Hye Kyo တို့ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ လူကြည့်နှုန်းတွေလည်း အများကြီးရခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲလေးပါ။


ကဲ...အခုပရိသတ်တွေအလှည့်ပါ ဘယ် ဒရာမာဘုရင်မကိုပိုသဘောကျလဲ ....?
သတင်းကောင်းပါနော် စောင့်ရင်းစောင့်ရတဲ့ Jun Ji Hyun မမ ရဲ့ Mount Jiri ကို ၂၀၂၁ ခုနှစ် ဆိုကြည့်ရပါတော့မယ်နော်...
Song Hye Kyo မမ ရဲ့ သတင်းအသစ်တွေကိုလည်းသိရတာနဲ့ တင်ပေးပါမယ်နော်....
#NR

ဆက်စပ်နေသော ရေးသားချက်များ

Banner Top