Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

နယူးယောက်မြို့ မက်ဟန်တန်အရပ်မှာရှိတဲ့ ဆောင်းဟေဂိုရဲ့ ကွန်ဒို ရောင်းထွက်သွားပြီ

  •  
  • Category: News

မင်းသမီး ဆောင်းဟေဂိုဟာ ရောင်းချဖို့ နှစ်နှစ်စောင့်ဆိုင်းခဲ့ရတဲ့ မက်ဟန်တန်မှာရှိတဲ့ သူ့ရဲ့ ကွန်ဒိုတိုက်ခန်း ကို ရောင်းထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်တဲ့ Hankook Ilbo ရဲ့ သတင်းတစ်ခုအဆိုအရ မက်ဟန်တန်မှာရှိတဲ့ ဆောင်းဟေဂိုရဲ့ ကွန်ဒိုတိုက်ခန်းဟာ နောက်ဆုံးမှာတော့ ပြီးခဲ့တဲ့လ ၁၉ ရက်မှာ ဒေါ်လာ ၁၈ သိန်းနဲ့ ရောင်းထွက်သွားပြီဖြစ်ပါတယ်။

 

SHG 2

 

၂၀၀၈ ခုနှစ်မှာ ဆောင်းဟေဂိုဟာ Central Park အနားမှာရှိတဲ ့အဲဒီကွန်ဒိုတိုက်ခန်းကို ဒေါ်လာ ၁ ဒသမ ၇၄ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလမှာ ဆောင်းဟေဂိုဟာ အဲဒီကွန်ဒိုကို ဒေါ်လာ ၂ ဒသမ ၂ သန်းနဲ့ ရောင်းချဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ကွန်ဒိုရောင်းစျေးကို ဒေါ်လာ ၁ ဒသမ ၉ သန်းကို လျှော့ချခဲ့ရာကနေ ၂ဝ၁၇ ခုနှစ်မှာတော့ ၁ ဒသမ ၈၇ သန်းအထိ လျှော့ချခဲ့ပါတယ်။ ဆောင်းဟေဂိုဟာ ၂၀၁၆ ခုနှစ် မတ်လမှာ အဲဒီကွန်ဒိုတိုက်ခန်းကို အငှားတင်ဖို့ လုပ်ခဲ့ပြီး ထုတ်ရောင်းဖို့လည်း လုပ်ဆောင်ခဲ့တာပါ။ နှစ်နှစ်ကြာပြီးတဲ့နောက် ကွန်ဒိုတိုက်ခန်းဟာ ရောင်းထွက်သွားခဲ့ပြီဖြစ်ပါတယ်။

allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top