Banner Top

Member Area

Self-quarantine ဝင်နေရတဲ့ Super Junior အဖွဲ့ဝင် Heechul

  •  WN
  • Category: News

Super Junior အဖွဲ့ဝင် Leeteuk က Heechul ဟာ COVID-19 ပိုး Positive ဖြစ်တဲ့သူတယောက်နဲ့ ထိတွေ့မိခဲ့တာကြောင့် Self-quarantine ဝင်နေတယ်လို့ ပြောပြခဲ့ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့မှာ Super Junior အဖွဲ့ဟာ 'Super Junior's Invitation Our Elf ' live streamကို Naver V Liveကနေ ကျင်းပခဲ့ပြီး Heechul ကတော့ မပါဝင်နိုင်ခဲ့ပါဘူး။

"Heechulက မနက်ဖြန်မနက်ထိ self-quarantine ဝင်နေတာကြောင့် မပါနိုင်ပေမဲ့ သူက ကျွန်တော်တို့ နှလုံးသားထဲမှာ အမြဲအတူရှိနေပါတယ်။COVID-19 ပိုး Positive လူနာတယောက်နဲ့ ထိတွေ့ခဲ့မိတာကြောင့် ဒီနေ့ နေ့လယ်မှာ စစ်ဆေးမှုခံယူပြီး self-quarantine ဝင်နေတာပါ။ ရောဂါလက္ခဏာမပြပေမဲ့ အကုန်လုံး ဘေးကင်းလုံခြုံရေးအတွက် သူ့ဟာသူ စစ်ဆေးမှုခံယူခဲ့တာဖြစ်ပြီး ၇ ရက်နေ့မနက်မှာ အဖြေကို သိရမှာပါ။ "
_Super Junior အဖွဲ့ဝင် Leeteuk

Super Juniorအဖွဲ့ဟာ ပွဲဦးထွက် ၁၅နှစ်ပြည့် အထိမ်းအမှတ်ပွဲကျင်းပခဲ့ပြီး လတ်တလောမှာတော့ "The Melody" သီချင်း ကိုဖြန့်ချိထားပါတယ်။

J

ဆက်စပ်နေသော ရေးသားချက်များ

Banner Top