Banner Top

Member Area

Super Junior အဖွဲ့ဗီဒီယိုတွေ ကြည့်ပြီး ၅၀ ကီလိုဂရမ်လောက် ဝိတ်ချခဲ့တဲ့ Fan Boy လေး

  •  Micky
  • Category: News

Super Junior အဖွဲ့ဟာ ဒီ fanboy လေးရဲ့ ဘဝကို ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကို ဆောင်ကျဉ််းပေးခဲဲ့ပြန်ပါပြီ၊

temp 9c11d11431c887bf89630fdaa73e1d99

 

မကြာသေးခင်က ထုတ်လွှင့်ခဲ့တဲ့ 'Hello Counselor' အစီအစဉ်မှာ အဖွဲ့ရဲ့ fanboy တစ်ဦးက သူရဲ့ ဇာတ်လမ်းကို ပြောပြပေးခဲ့ပါတယ်။ သူဟာ အဖွဲ့ရဲ့ fandom ဖြစ်တဲ့ ELF ဖြစ်ခဲ့တာ ၁၃ နှစ်ကြာ မြင့်ခဲ့ပြီဖြစ်ပြီး သူ့အတွက် အပြောင်းအလဲမရှိရပ်တည်ခဲ့တာပါတဲ့၊ အမျိုးသား Idol တွေရဲ့ ပရိသတ်ဖြစ်လို့ ဆိုပြီး သူငယ်ချင်းတွေက စနောက်တာ၊ ဂေးလ်ဆိုပြီး သံသယဖြစ်ကြတာမျိုးလို fan boy တစ်ဦးဖြစ်ရတဲ့အတွက် ခက်ခဲကြမ်းတမ်းမှုတွေ ရှိလင့််ကစား အဖွဲ့အပေါ် ကြိုက်နှစ်သက်တဲ့ သူ့ရဲ့ စိတ်ကို မပြောင်းလဲခဲ့ပါဘူး၊

အဲဒါတင်မကဘဲ Super Junior အဖွဲ့ဟာ သူ့ကို ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် သွယ်ဝိုက်တဲ့ နည်းနဲ့ တွန်းအားပေးခဲ့ပါသေးတယ်။ သူဟာ ယခင်က ကိုယ်အလေးချိန် ၁၂ဝ ကီလိုဂရမ်တောင် ရှိခဲ့တာပါ၊ သူသဘောကျတဲ့ မိန်းကလေးတစ်ဦးရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးတဲ့နောက် သူဟာ ၀ိတ်စတင်လျှော့ခဲ့ပါတယ်။ သူက "အဲဒီအချိန်မှာ ကျွန်တော်ဟာ အစ်ကိုတို့ (Super Junior) ရဲ့ ဗီဒီိယိုတွေကို ကြည့်ခဲ့ပါတယ်၊ အခု ကျွန်တော် ၅ဝ ကီလိုဂရမ်လောက် ကျသွားခဲ့ပါတယ်" လို့ ပြောကြားပေးခဲ့့ပါတယ်။

kstarlive

ဆက်စပ်နေသော ရေးသားချက်များ

Banner Top