Banner Top

Member Area

KARD အဖွဲ့ဝင် Jiwoo နဲ့ Somin တို့ပါဝင်တဲ့ 'Lo Siento' ဗားရှင်းကို Super Junior ဖြန့်ချိမည်

  •  WN
  • Category: Music

Super Junior အဖွဲ့ဟာ မကြာမီထွက်ရှိလာတော့မယ့် ခေါင်းစီးတေး “Lo Siento” ရဲ့ ဗားရှင်းနှစ်မျိုးကို ဖြန့်ချိမှာ ဖြစ်ပါတယ်။

မကြာခင်က သတင်းထွက်ပေါ်ထားသလိုပဲ "Lo Siento" သီချင်းရဲ့ ပထမဗားရှင်းမှာ လက်တင်ပေါ့ပ်အဆိုတော် Leslie Grace ပါဝင်မယ်လို့ဆိုပါတယ်။ ဒုတိယဗားရှင်းမှာတော့ Super Junior အဖွဲ့က Music Show တွေမှာ ပရိုမိုးရှင်းလုပ်မယ့် ဗားရှင်းဖြစ်ပြီး KARD အဖွဲ့ဝင် Jiwoo နဲ့ Somin တို့ Featuring အဖြစ် ပါဝင်ကြမယ်ဖြစ်တယ်လို့ သိရပါတယ်။ Super Junior အဖွဲ့ဟာ မကြာမီထွက်ရှိလာတော့မယ့် ခေါင်းစီးတေး “Lo Siento” ရဲ့ ဗားရှင်းနှစ်မျိုးကို ဖြန့်ချိမှာ ဖြစ်ပါတယ်။ မကြာခင်က သတင်းထွက်ပေါ်ထားသလိုပဲ "Lo Siento" သီချင်းရဲ့ ပထမဗားရှင်းမှာ လက်တင်ပေါ့ပ်အဆိုတော် Leslie Grace ပါဝင်မယ်လို့ဆိုပါတယ်။ ဒုတိယဗားရှင်းမှာတော့ Super Junior အဖွဲ့က Music Show တွေမှာ ပရိုမိုးရှင်းလုပ်မယ့် ဗားရှင်းဖြစ်ပြီး KARD အဖွဲ့ဝင် Jiwoo နဲ့ Somin တို့ Featuring အဖြစ် ပါဝင်ကြမယ်ဖြစ်တယ်လို့ သိရပါတယ်။ 


Leslie Grace ဗားရှင်းသာ Suoer Junior ရဲ့ အဌမမြောက် repackaged အယ်လ်ဘမ် 'Replay' မှာ ပါဝင်မှာ ဖြစ်ပြီး KARD အဖွဲ့ဝင်တွေ ပါဝင်မယ့် "Lo Siento" ဗားရှင်းကိုတော့ အွန်လိုင်းမှာပဲ သီးခြားဖြန့်ချိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် KARD အဖွဲ့ဝင် နှစ်ဦးဟာ Super Junior အဖွဲ့ရဲ့ Comeback ပရိုမိုးရှင်း ပထမသီတင်းပတ်မှာ ပူးပေါင်းပါဝင်မယ်လို့ ဆိုပါတယ်။ Super Junior အဖွဲ့ရဲ့ အယ်လ်ဘမ်သစ်ကို ဧပြီ ၁၂ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ အွန်လိုင်းရော Offline ကနေပါ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

 

allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top