Banner Top

Member Area

ဆောဂန်းဂျွန်နှင့် ဆူယောင်းတို့ ဒရမ်မာအသစ်မှာပါဝင်ဖို့ ဆွေးနွေးနေ

Girls’ Generation အဖွဲ့ဝင်ဆူယောင်းဟာ မကြာခင်ဒရမ်မာအသစ်မှာ ပါဝင်လာနိုင်ချေ ရှိနေပါတယ်။ မေ ၂၃ ရက်မှာ လုပ်ငန်းကိုယ်စားလှယ်တွေက ဆူယောင်းဟာ မကြာမီရိုက်ကူးမယ့် “The Third Charm” ဒရမ်မာမှာ ခေါင်းဆောင်အနေနဲ့ ပါဝင်မယ်လို့ ဆိုထားပါတယ်။

အဲဒါကို တုန့်ပြန်တဲ့အနေနဲ့ Echo Global Group က “ချွဲဆူယောင်းဟာ ‘The Third Charm’ အတွက်ကမ်းလှမ်းမှုကိုလက်ခံရရှိထားပြီး အကောင်းမြင်ဘက်ကနေ စဉ်းစားနေပါတယ်”လို့ မှတ်ချက်ပေးထားပါတယ်။ Girls’ Generation အဖွဲ့ဝင်ဆူယောင်းဟာ မကြာခင်ဒရမ်မာအသစ်မှာ ပါဝင်လာနိုင်ချေ ရှိနေပါတယ်။ မေ ၂၃ ရက်မှာ လုပ်ငန်းကိုယ်စားလှယ်တွေက ဆူယောင်းဟာ မကြာမီရိုက်ကူးမယ့် “The Third Charm” ဒရမ်မာမှာ ခေါင်းဆောင်အနေနဲ့ ပါဝင်မယ်လို့ ဆိုထားပါတယ်။ အဲဒါကို တုန့်ပြန်တဲ့အနေနဲ့ Echo Global Group က “ချွဲဆူယောင်းဟာ ‘The Third Charm’ အတွက်ကမ်းလှမ်းမှုကိုလက်ခံရရှိထားပြီး အကောင်းမြင်ဘက်ကနေ စဉ်းစားနေပါတယ်”လို့ မှတ်ချက်ပေးထားပါတယ်။ 

Sooyoung Seo Kang Joon


အရင်တုန်းက ကြေညာထားသလိုပဲ ဆောဂန်းဂျွန်ဟာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ ချွန်ဝူဟီးဟာ ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်ဖို့ မကြာသေးခင်က ဆွေးနွေးခဲ့ပါသေးတယ်။ ImagineAsia နဲ့ JYP Pictures တို့ပူးပေါင်းရိုက်ကူးမယ့် “The Third Charm” ဇာတ်လမ်းတွဲဟာ ဘန်မီဆူနဲ့ လီယောင်းဂျယ်တို့ရဲ့ အချစ်ဇာတ်လမ်းကို အခြေခံထားတဲ့ ရိုးမန့်စ် ဇာတ်မြူး ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ 

 

soompi

Banner Top