Logo
Print this page

Kai ရဲ့ တကိုယ်တော်ပွဲဦးထွက်အကြောင်း အရိပ်အမြွက်ပြောဆိုလိုက်တဲ့ Hong Seokcheo

Kai ရဲ့ တကိုယ်တော်ပွဲဦးထွက်ဟာ မကြာခင်မှာ ဖြစ်လာတော့မယ့် ပုံမှာ ရှိနေပါတယ်။

နိုဝင်ဘာ ၆ ရက်မှာ Hong Seokcheon ဟာ EXO အဖွဲ့ဝင် Kai နဲ့အတူ တွဲရိုက်ထားတဲ့ selfie ဓာတ်ပုံတစ်ခုကို Instagram မှာ ဝေမျှခဲ့ပါတယ်။ အဲ့ဒီပို့စ်မှာတော့ Kai ရဲ့ တကိုယ်တော်ပွဲဦးထွက်နဲ့ ပတ်သက်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။ သူက "EXO အဖွဲ့ဝင် Kai ၊ ကျနော့်ရဲ့ အရမ်းမိုက်တဲ့ ညီလေးက နောက်ဆုံးတော့ တကိုယ်တော် အယ်လ်ဘမ်ကိုဖြန့်ချိပါတော့မယ်။ ကျနော်စိတ်လှုပ်ရှားနေပါပြီ။ Kai က ကျနော်တို့ကို သူ့ရဲ့ အကောင်းဆုံး တင်ဆက်မှုတွေ ပြသနေတဲ့သူပါ။ ငါ မင်းကို အားပေးနေပါ့မယ်။" လို့ ပုံစာမှာရေးသားခဲ့ပါတယ်။

dw g rgg

အဲ့ဒီ Selfie ဓာတ်ပုံကတော့ CJ E&M အဆောက်အဦမှာ ရိုက်ကူးရေးလုပ်ခဲ့တဲ့ tvN ရဲ့ 'Amazing Saturday - Doremi Market' အစီအစဉ်ကို တက်ရောက်ခဲံတဲ့ Kai နဲ့ Hong Seokcheon တို့ ရိုက်ကူးထားခဲ့တဲ့ပုံဖြစ်ပါတယ်။ Hong Seokcheon ဟာ tvN ရဲ့ 'Future Lessons' အပိုင်းတစ်ခုကို ရိုက်ကူးရေးအတွက် သွားရောက်ခဲ့တာဖြစ်ပါတယ်။

1604639751853 0

အားလုံး သိထားကြတဲ့အတိုင်းပဲ Kai ဟာ တကိုယ်တော်အနုပညာရှင်အဖြစ် ပွဲဦးထွက်လာမယ့် နောက်ထပ် EXO အဖွဲ့ဝင်ဖြစ်ကြောင်း အတည်ပြုထားပြီး ဖြစ်ပါတယ်။ သူ့ရဲ့ ပွဲဦးထွက်က အခုနှစ် တချိန်ချိန်မှာ ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။ အခုလိုမျိုး Hong Seokcheon ရဲ့ Instagram ပို့စ်ကြောင့် Kai ရဲ့ တကိုယ်တော် အယ်လ်ဘမ်ဟာ များမကြာမီလာတော့မယ်လို့ ပရိသတ်တော်တော်များများက ယုံကြည်နေကြပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!