Logo
Print this page

ပရိသတ်အများစုအထင်မှားနေတဲ့ လီမင်းဟိုရဲ့ ပွဲဦးထွက် ဇာတ်လမ်းတွဲ

မင်းသားလီမင်းဟိုဟာ 'Boys Over Flowers' ဇာတ်လမ်းတွဲမှာ ဂူဂျွန်ဖြိုးအနေနဲ့ သရုပ်ဆောင်လောကထဲ စတင်ရောက်ရှိခဲ့တာလို့ ပရိသတ်တချို့က ထင်ကောင်းထင်နိုင်ပါတယ်။

ဒါပေမယ့် အဲဒါဟာ သူ့ရဲ့ သရုပ်ဆောင်လုပ်ငန်း အစမဟုတ်ပါ ဘူး။

မင်းသား ဟာ အဲဒီဒရမ်မာမှာပါဝင်ခဲ့တဲ့ ဂူဂျွန်ဖြိုးဇာတ်ရုပ်နဲ့ ကိုရီးယားနိုင်ငံတွင်းနဲ့ ပြင်ပမှာ နာမည်ကျော်ကြားခဲ့ပေမယ့် သူဟာ Sharp ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အရံအနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်။

Lee Min Ho MV

အဲဒီဒရမ်မာကို ၂၀၀၃ ခုနှစ်မှာ KBS2 ရုက်သံလိုင်းက ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒါအပြီး ၆ နှစ်လောက် အကြာမှ ပရိသတ်စိတ်ဝင်စားမှုကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

'Boys Over Flowers.' ဇာတ်လမ်းတွဲ အောင်မြင်မှုအရှိန်ကြောင့် 'Personal Taste,' 'City Hunter,'The Heirs,' 'Legend of the Blue Sea,' တို့လိုမျိုး ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။

kstarlive

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!