Warning
  • JUser: :_load: Unable to load user with ID: 936

Banner Top

Member Area

“Burning” ရုပ်ရှင်ရိုက်ကူးနေစဉ်ကိုရီးယားစကားအရေအသွေးတိုးတက်လာတဲ့ Steven Yeun

မေ ၄ ရက်မှာ မကြာမီရုံတင်တော့မယ့် “Burning” ရုပ်ရှင်အတွက် ၇၁ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို မတက်ရောက်ခင်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား Steven ဟာ ရုပ်ရှင်ရိုက်ကူးဖို့အတွက် လေးလကြာ ကိုရီးယားမှာ နေထိုင်ခဲ့ရပြီး သူရဲ့ ကိုရီးယားအရေအသွေး တိုးတက်လာတယ်လို့ဆိုလိုက်ပါတယ်။

 

Steven Yeun

သူက “ယူအာအင်း၊ ဂျောင်ဂျုံဆော နဲ့ ဒါရိုက်တာကြီးတို့က ကျနော့်ကို တော်တော်လေး ကူညီပေးခဲ့ပါတယ်၊ နေ့တိုင်း နားချိန်တိုင်းမှာ ဒါရိုက်တာက ကျနော့်ကို သင်ပြပေးပါတယ်၊ အခုကိုရီးယားကို ကျနော် ကြိုက်နေပါပြီ၊ ဒီလိုလာရတာ သက်တောင့်သက်သာရှိပြီး တဦးနဲ့ တဦးဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“Burning” ရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Palme d’Or ဆုအတွက် လျာထားခြင်း ခံရပြီးတော့ ဒီနှစ်အတွက် အဲဒီရုပ်ရှင်ပွဲတော်ကို ဖိတ်ကြားခံရတဲ့ တစ်ခုတည်းသော ကိုရီးယား ရုပ်ရှင်ဖြစ်ပါတယ်။ မေ ၁၇ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top