Banner Top

Member Area

ခရီးသွားအစီအစဉ်သစ်တစ်ခုမှာပါဝင်မယ့် EXO CBX

EXO CBX အဖွဲ့ဟာ ခရီးသွားအစီအစဉ်သစ်တစ်ခုမှာ ပါဝင်လာတော့မှာဖြစ်ပါတယ်။

'EXO's Random Traveling' လို့အမည်ပေးထားတဲ့ အစီအစဉ်အတွက် ရိုက်ကူးရေးကို မတ် ၂၉ ရက်မှာပဲ စတင်လိုက်ပြီဖြစ်ပါတယ်။ အဲဒီအစီအစဉ်ရဲ့ ပထမအပိုင်းမှာတော့ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်တဲ့ Chen, Baekhyun နဲ့ Xiumin တို့ပါဝင်ပါတယ်။ 'EXO's Random Traveling' အစီအစဉ်ါကို လာမယ့် မေလကနေ စပြီးတော့ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။


အဲဒီအစီအစဉ်နဲ့ ပတ်သက်လို့ တရားဝင်ကြေညာချက်ထွက်ထားတာတော့မရှိပါဘူး။ ဒါပေမယ့် အဲဒီ့ အစီအစဉ် ကျောရိုးကိုတော့ အဖွဲ့ဝင်တွေက သွားရောက်လည်ပတ်မယ့်နေရာတွေကို ရွေးချယ်ပြီး လုပ်ဆောင်တာလည်း ဖြစ်ပါတယ်၊ ဘယ်နိုင်ငံကိုမဆို သွားရောက်လည်ပတ်တာဖြစ်နိုင်ပါတယ်။ ပရိသတ်တော်တော်များများက တော့ အဲဒီအစီအစဉ်မှာ အဖွဲ့ဝင် ၃ ဦးသာမကပဲ အခြားအဖွဲ့ဝင်တွေလည်း ပါဝင်လာနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။
KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top