Logo
Print this page

ကင်ယူဂျောင်းနဲ့အတူ Fantasy ဒရာမာမှာ ပါဝင်လာမယ့် မင်းသား အန်းဟျိုဆော့

မင်းသား အန်းဟျိုဆော့ဟာ SBS ရဲ့“Hong Chun Gi” ဒရာမာမှာ ပါဝင်သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်မှာ မင်းသားရဲ့ အေဂျင်စီ Starhaus Entertainment က "အန်းဟျိုဆော့ဟာ ‘Hong Chun Gi’ ဒရာမာမှာ ခေါင်းဆောင်မင်းသား Ha Ram အဖြစ် ပါဝင်ဖို့အတည်ပြုလိုက်ပါတယ်။" လို့ ကြေညာခဲ့ပါတယ်။

“Sungkyunkwan Scandal” နဲ့ “The Moon Embracing the Sun” တို့ကို ရေးသားခဲ့တဲ့ ဝတ္ထုဆရာမ Jung Eun Gwol ရဲ့ နာမည်တူဝတ္ထုကို အခြေခံထားတဲ့ အဲ့ဒီဇာတ်လမ်းဟာ ဂျိုဆွန်းခေတ်ကို အခြေတည်ထားတဲ့ စိတ်ကူးယဉ် ရိုးမန့်စ်ဒရာမာ ဖြစ်ပါတယ်။ အဲ့ဒီဒရာမာကိုတော့ “My Love from the Star” “Hyena” တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဂျောင်ထယ်ယူက ရိုက်ကူးမှာဖြစ်ပါတယ်။

မင်းသား အန်းဟျိုဆော့ဟာ အဲ့ဒီဒရာမာထဲမှာ မျက်စိနှစ်ကွင်းအလင်းမရပေမယ့် ကြယ်တာရာတွေကို ဖတ်နိုင်တဲ့ နက္ခတဗေဒပညာရှင် Ha Ram ဇာတ်ကောင်ကနေ ပါဝင်မှာဖြစ်ပါတယ်။ မင်းသမီး ကင်ယူဂျောင်းကတော့ ဂျိုဆွန်းခေတ်ရဲ့ တစ်ဦးတည်းသော မိန်းကလေးပန်းချီဆရာမ ဟုန်ချွန်းဂီအဖြစ် ပါဝင်ဖို့ ဆွေးနွေးနေပြီး မင်းသား ဂုံမြောင်းကလည်း နောက်ထပ်အဓိကဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်ဖို့ ဆွေးနွေးနေပါတယ်။

“Hong Chun Gi” ဒရာမာကို ၂၀၂၁ ခုနှစ်မှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!