Banner Top

Member Area

မကြာခင် သီချင်းအသစ်ထွက်မယ်ဆိုတဲ့ သတင်းနဲ့ ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ G-Dragon

  •  WN
  • Category: News

G-Dragon ဟာ မကြာခင်ပြန်လာဖို့ ပြင်နေပြီ ဂီတလောကကနေ အချိန်အကြာကြီး အနားယူခဲ့ပြီးတဲံနောက် သီချင်းအသစ်ထွက်ဖို့ ပြင်နေပြီလို့ YG အင်တာတိန်းမန့်က မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။ 

အဲ့ဒီသတင်းထွက်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတဝန်းလုံးမှာရှိတဲ့ အွန်လိုင်း ပလက်ဖောင်းတွေအားလုံးမှာ Trend ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ တွစ်တာကနေ အစပြုလို့ hashtag တွေမှာ သူ့ရဲ့နာမည်နဲ့ BIGBANG နာမည်တွေဟာ ကမ္ဘာတဝန်းမှာ စတင် Trend ဖြစ်လာခဲ့ပြီး နာရီအနည်းငယ်အတွင်း Twitter မှာ ပို့ပေါင်း ၃ သိန်းအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

1604408334 inshot 20201102 152033809


ကိုရီးယားမှာတော့ သူ့ရဲ့နာမည်ဟာ Site တွေရဲ့ ရှာဖွေမှုမှာ ထိပ်ဆုံးရောက်ရုံသာမက အဲ့ဒီနေ့နှောင်ပိုင်းမှာ သူ့ရဲ့ နာမည်ဟာ Melon နဲ့ Naver တို့မှာ ရှာဖွေမှုအများဆုံးဖြစ်ခဲ့ပါတယ်။ ဒါဟာ G-Dragon ရဲ့ နာမည်ကျော်ကြားမှုကို သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။

1604408587 inshot 20201103 170255942

တရုတ်နိုင်ငံမှာတော့ သူ့ရဲ့နာမည်ဟာ ရှာဖွေမှုအားလုံးမှာ ထိပ်ဆုံးရောက်ခဲ့ပြီး သူ့ရဲ့ comeback နဲ့ ပတ်သက်တဲ့ hashtag ဟာ ၂၄ နာရီအတွင်း ကြည့်ရှုသူ သန်း ၃၀၀ ကျော်ရှိခဲ့တာကိုတွေ့ရပါတယ်။ တရုတ်အင်တာနက်အသုံးပြုသူတွေကလည်း သူ့ရဲ့ ပြန်လာမှုအတွက်စိတ်လှုပ်ရှားခဲ့ကြပြီး Quan Zhilong ဆိုတဲ့ သူ့ရဲ့ တရုတ်နာမည်ကို စတင် Trend လာခဲ့ကြပါတယ်။

1604408686 el0 wcywkai y3e


ဒါ့အပြင် G-Dragon ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ Google မှာ စတင် Trend ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဂီတအသစ်ဖြန့်ချိမယ့်ရက်နဲ့ အဲ့ဒီဂီတဖန်တီးနေတာ ပြီးဆုံးပြီလား မပြီးဆုံးသေးဘူးလားလို့ မသိရသေးတာတောင် တော်တော်လေး စိတ်လှုပ်ရှားနေခဲ့ကြတာကို တွေ့ရပါတယ်။

1604408760 screenshot 20201103 170524

ဆက်စပ်နေသော ရေးသားချက်များ

Banner Top