Banner Top

Member Area

စစ်တပ်သင်ကြားရေးလက်ထောက်အနေနဲ့ G-Dragon ခန့်အပ်ခံရကြောင်း ကောလာဟလများကို စစ်တပ်ရှင်းလင်း

  •  WN
  • Category: News

ကိုရီးယားစစ်တပ်လူသားအရင်းအမြစ်စီမံခန့်ခွဲရေးအဖွဲ့ သတင်းထုတ်ပြန်ရေးရုံးက အခြေခံံလေ့ကျင့်ရေး ပြီးတဲ့နောက် G-Dragon အတွက် တာဝန်ချထားမှုသတင်းတွေကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

အစောပိုင်းသတင်းတွေမှာတော့ G-Dragon ဟာ White Skull တပ်ခွဲရဲ့ ဌာနခွဲ ၃ မှာ စစ်တပ်သင်ကြားရေး လက်ထောက်တစ်ယောက်အနေနဲ့ တာဝန်ချထားခံရတယ်လို့ ဖော်ပြထားကြပါတယ်။ ကိုရီးယားစစ်တပ်လူသားအရင်းအမြစ်စီမံခန့်ခွဲရေးအဖွဲ့ သတင်းထုတ်ပြန်ရေးရုံးက အခြေခံံလေ့ကျင့်ရေး ပြီးတဲ့နောက် G-Dragon အတွက် တာဝန်ချထားမှုသတင်းတွေကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ အစောပိုင်းသတင်းတွေမှာတော့ G-Dragon ဟာ White Skull တပ်ခွဲရဲ့ ဌာနခွဲ ၃ မှာ စစ်တပ်သင်ကြားရေး လက်ထောက်တစ်ယောက်အနေနဲ့ တာဝန်ချထားခံရတယ်လို့ ဖော်ပြထားကြပါတယ်။ 


ဒါပေမယ့် စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေးရုံးမှ ကိုယ်စားလှယ်တစ်ဦးက “တပ်သား ဂွမ်ဂျီယောင်းဟာ တပ်ခွဲ ၃ မှာ သင်ကြားရေး လက်ထောက်အနေနဲ့ ခန့်အပ်ဖို့ မစဉ်းစားထားပါဘူး၊ သူ့ရဲ့ နောက်ဆုံးတာဝန်ချထားမှုကတော့ တပ်ခွဲ ၃ အောက်က ဌာနခွဲမှာ ပုံမှန်စစ်သားတစ်ဦးအနေနဲ့ ဖြစ်ပါတယ်၊ ဒီနေ့မှာ စစ်တပ်လေ့ကျင့်ရေး ပြီးဆုံးခဲ့ပြီး မနက်ဖြန်မှာ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top