Logo
Print this page

'Despacito' ကိုကျော်တက်ပြီး YouTube မှာလူကြည့်အများဆုံး ဗီဒိယိုဖြစ်လာတဲ့ ‘Baby Shark Dance’ သီချင်း

နိုဝင်ဘာ ၂ ရက်နေ့မှာ တောင်ကိုရီးယားကလေးသီချင်း ‘Baby Shark Dance’ ရဲ့ ဂီတဗီဒီယိုဟာ YouTube မှာ လူကြည့်အများဆုံး ဗီဒိယို ဖြစ်လာခဲ့တယ်လို့ အဲ့ဒီသီချင်းကို ဖန်တီးခဲ့သူ Pinkfong ကပိုင်ဆိုင်ရဲ့ ပညာရေးဆုင်ရာ ဖျော်ဖြေရေးကုမ္ပဏီ 'SmartStudy' က ပြောကြားခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုဟာ ကြည့်ရှုတဲ့အကြိမ်ရေ ၇ ဒဿမ ၀၄၁ ဘီလီယံရှိပြီး ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက ထိပ်ဆုံးမှာရှိနေခဲ့တဲ့ Luis Fonsi နဲ့ Daddy Yankee တို့ရဲ့ "Despacito" သီချင်းကို ကျော်တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ဇွန်လမှာ ဖြန့်ချိခဲ့တဲ့ "Baby Shark" သီချင်းဟာ PINKFONG ရဲ့ မူကြိုအရွယ်ကလေးကြိုက် သံစဉ်စီးရီးတွေ ရဲ့ တစိတ်တပိုင်းဖြစ်ပြီး "Baby Shark, doo, doo, doo, doo, doo, doo" ဆိုတဲ့ ဆွဲဆောင်နိုင်တဲ့ စာသားတွေ သိမ်မွှေ့တဲ့ သံစဉ်ကြောင့် ကမ္ဘာနဲ့ချီပြီး ကျော်ကြားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီသီချင်းဟာလည်း အရှေ့တောင်အာရှမှာ တော်တော်လေး ပေါက်ခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ ဥရောပတို့မှာ တော်တော်လေးကို လူပြောများခဲ့ပါတယ်။ အဲ့ဒီသီချင်းဟာ ‘Billboard Hot 100 chart’ မှာ အဆင့် ၃၂ နဲ့ ယူကေရဲ့ Top Album ဇယားမှာ နံပတ် ၆ နေရာအထိ ရောက်ရှိခဲ့တာကို တွေ့ရပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!