Logo
Print this page

TXT အဖွဲ့ဝင် Soobin က ဘယ်လိုချစ်သူကောင်လေးမျိုး ဖြစ်ချင်တာလဲ

TXT အဖွဲ့က မကြာ်သေးမီက Weekly Idol ရဲ့ အပိုင်းတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။

 

Soobin ကို ဘယ်လို ချစ်သူကောင်လေးမျိုး ဖြစ်ချင်တာလဲလို့ အမေးခံရတဲ့ အခါမှာတော့ သူက သူတို့ရဲ့ ဆက်ဆံရေးမှာ အစီအစဉ်တွေချပြီး ဉီးဆောင်မယ့်သူမျိုးတော့ မဟုတ်ပါဘူး။ သူက သူ့ချစ်သူကောင်မလေး ပြောတာကိုပဲနာခံပေးမယ့် သူမျိုးပါ။ သူ့ချစ်သူကောင်မလေးက တစ်ခုခုအကြံပေးလာမယ်ဆိုရင် ဘာဖြစ်ဖြစ် သူသဘောတူလက်ခံပေးမှာပါ။ တကယ်လို့ ကောင်မလေးက စိတ်တိုဒေါသထွက်နေရင်ရော ဘာလုပ်မှာလဲလို့ မေးတဲ့အခါ Hueningkai က ပါးနပ်စွာနဲ့ပဲ စိတ်ဆိုးနေတဲ့ ကောင်မလေး အဖြစ်နဲ့ သရုပ်ဆောင်ပြလိုက်တော့ ကျန်တဲ့ အဖွဲ့ဝင်တွေက ရယ်ကြပါတော့တယ်။

ukuilk wd vdf

Soobin ကတော့ သူ့အနားလေးသွားပြီး တောင်းပန်ပြီး ဖက်တဲ့ ပုံစံမျိုးလေးကို ပြခဲ့ပါတယ်။ မေးတဲ့သူတွေက Soobin က ဘယ်လောက်တောင် ချိသာပြီး အပြုအမူကောင်းလိုက်တာလဲဆိုတာကို မှတ်ချက်ပေးခဲ့ပါတယ်။

Yeonjun ကို မေးတဲ့အခါမှာလည်း Soobin ရဲ့ စိတ်နေသဘောထားက အဖွဲ့ထဲမှာ ဆိုရင် အမေနဲ့ တူပြီးတော့ အဖွဲ့ဝင်တွေရဲ့ စိတ်တွေကိုလည်း အမြဲ မြှင့်တင်ပေးတဲ့သူလို့ ဆိုပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!