Logo
Print this page

စစ်တပ်ပြဇာတ်မှာ အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ခဲ့တဲ့ မင်းသား ပတ်ဘိုဂွန်း

မင်းသား ပတ်ဘိုဂွန်းဟာ စစ်တပ်ပြဇာတ်တစ်ခုကို အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပေးခဲ့ပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ ၂၀၂၀ ကိုရီးယားသမ္မတနိုင်ငံ ရေတပ်ဖျော်ဖြေပွဲ ကို ဂျယ်ဂျူးကျွန်းမှာရှိတဲ့ ဂျယ်ဂျူး အနုပညာစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။


အဲ့ဒီနေ့မှာ ပတ်ဘိုဂွန်းဟာ အစီအစဉ်ကြေညာသူ ပတ်ဆဲယောင်းနဲ့အတူ တင်ဆက်သူအဖြစ် ဖျော်ဖြေပွဲမှာ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

201484837 1280

သူက ဖျော်ဖြေပွဲ အစမှာ "အားလုံးပဲ မင်္ဂလာပါ။ ကျနော်ကတော့ ရေတပ် စစ်တပ်တီးဝိုင်းအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပတ်ဘိုဂွန်းဖြစ်ပါတယ်။" လို့ ပြောဆိုခဲ့ပါတယ်။ သူကဆက်ပြီး "သြဂုတ်လမှာ ကျနော့်ရဲ့ စစ်မှုထမ်းတာဝန်ကို စတင်ခဲ့ပါတယ်။ ဒီညဖျော်ဖြေပွဲကို အားလုံးပဲ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။" လို့ ပြောဆိုခဲ့ပါတယ်။

ပတ်ဘိုဂွန်းနဲ့ ပတ်ဆဲယောင်းတို့ဟာ တီးဝိုင်းအသီးသီးကို မိတ်ဆက်ခဲ့ရုံသာမက နှစ်ဦးသား ပြီးပြည့်စုံတဲ့ လိုက်ဖက်ညီမှုကိုလည်းပြသခဲ့ပါတယ်။ မင်းသား ပတ်ဘိုဂွန်းဟာ ရေတပ်ဝတ်စုံနဲ့ ရှိနေပြီး ပျော်ပျော်ရွှင်ရွှင်၊ ကျန်းကျန်းမာမာနဲ့တွေ့ခဲ့ရတာဖြစ်ပါတယ်။

မင်းသား ပတ်ဘိုဂွန်းဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလအကုန်မှာ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးမှာဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!