Banner Top

Member Area

MOMOLAND ရဲ့ ဖျော်ဖြေပွဲအတွင်းမှာ လိင်အာသာဖြေနေတဲ့ အမျိုးသားပရိသတ်ကို ဖမ်းမိခဲ့

  •  WN
  • Category: News

ပရိသတ်တွေကတော်တော်လေး ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့MOMOLAND အဖွဲ့ရဲ့ ဖျော်ဖြေပွဲ အတွင်းမှာ တက်ရောက်လာခဲ့တဲ့အမျိုးသား ပရိသတ်တွေဟာ သူတို့အဖွဲ့ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့စကားလုံးတွေနဲ့ အော်ဟစ်ခဲ့ကြပြီး အမျိုးသား တစ်ဦးဆိုရင် လက်မှတ်ထိုးပွဲ ကျင်းပနေတဲ့အချိန်မှာ လိင်အာသာဖြေနေခဲ့တယ်လို့ သိရပါတယ်။


MOMOLAND အဖွဲ့ကို မက္ကဆီကိုနိုင်ငံဆီခေါ်ဆောင်လာခဲ့တဲ့ ပွဲစီစဉ်သူတွေ ဖြစ်တဲ့ Academia Ninshi ကတော့ လိင်အာသာဖြေနေတဲ့ အဲ့ဒီအမျိုးသား ပရိသတ်ကို ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့ထံအပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်ရပ်အတွက် ပွဲစီစဉ်သူတွေက တောင်းပန်ခဲ့ပါတယ်။


ပရိသတ်တွေရဲ့အဆိုအရ တက်ရောက်လာခဲ့ကြတဲ့ အမျိုးသား ပရိသတ်တော်တော်များများဟာ လက်မှတ်ရေးထိုးပွဲ စတင်တဲ့အချိန်မတိုင်မီကတည်းက ရိုင်းရိုင်းစိုင်းစိုင်းပြုမှုနေခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအမျိုးသားတွေဟာ "မင်းတို့ရဲ့ xxx က မင်းတို့မျက်လုံးလောက်သေးလား" စသဖြင့် အော်ဟစ်နေတာကို ပရိသတ်တစ်ယောက်က ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ တက်ရောက်လာခဲ့သူ တစ်ချို့ကတော့ ဘီယာတွေ သောက်ခဲ့ပြီး မြေကြီးပေါ်မှာ သွန်ပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

K-Pop ပရိသတ်တွေကတော့ ဝတ်လာခဲ့တဲ့ ဝတ်စုံအတွက် MOMOLAND အဖွဲ့ကို စော်စော်ကားကား အပြောခဲ့တဲ့သူတွေကို ဆန့်ကျင်ပြီး အဖွဲ့ကိုလည်း ထောက်ခံအားပေးနေကြပါတယ်။

#RespectMomoland (MOMOLAND အဖွဲ့ကိုလေးစားပါ) ဆိုတဲ့စာဟာ အဲ့ဒီအငြင်းပွားဖွယ်ကိစ္စပြီးတဲ့နောက် Trend ဖြစ်ခဲ့ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top