Banner Top

Member Area

COVID-19 ရောဂါစစ်ဆေးမှုရလဒ်ကိုစောင့်ဆိုင်းနေတဲ့ Momoland အဖွဲ့ဝင် Nancy

  •  YuNandarHtun
  • Category: News

နိုဝင်ဘာ ၂၈ ရက်မှ ာMomoland အဖွဲ့ရဲ့ အေဂျင်စီ MLD Entertainment မှ Nancy က COVID-19 ရောဂါ စစ်ဆေးမှုကိုခံယူခဲ့ပြီးသူ့ရဲ့ စမ်းသပ်မှုရလဒ်ကိုစောင့်ဆိုင်းနေတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Quarantine လမ်းညွှန်ချက်များနဲ့အညီအရ Nancy ဟာ စမ်းသပ်မှုရလဒ်တွေမပြီးခင်မှာ Self- quarantined လုပ်သွားမှာ ဖြစ်ပါတယ်။ကျန်းမာရေးလုံခြုံမှုကြောင့် Nancy က MBCရုပ်သံလိုင်းရဲ့ ‘Show Music Coreမှာ ပါဝင်တော့မှာ မဟုတ်ပါဘူး။"Show Music Core"နဲ့ သူ့ရဲ့ အခြားအချိန်ဇယားကိုလည်းဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။

အေဂျင်စီရဲ့ ဖော်ပြချက်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

"မင်္ဂလာပါ။ MLD Entertainment ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အနုပညာရှင် Momoland အဖွဲ့မှ Nancy က COVID-19 လူနာနဲ့ထိတွေ့မှုရှိခဲ့တာကြောင့် ရောဂါ စစ်ဆေးမှုကိုပြုလုပ်ခဲ့ပြီး လက်ရှိရလဒ်ကိုစောင့်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Nancy ရဲ့ ကျန်းမာရေးဆိုင်ရာအာဏာပိုင်တွေက ထပ်မံသတိပေးခြင်းမတိုင်မီအထိ သီးခြားထားရှိခြင်းဆိုင်ရာ လမ်းညွှန်ချက်တစ်ခုအရမိမိကိုယ်ကို quarantine လမ်းညွှန်မှုပြုလုပ်သွားမှာဖြစ်ပါတယ်။ဘေးကင်းလုံခြုံရေးစိုးရိမ်မှုများကြောင့် Nancy က ယခင်စီစဉ်ထားတဲ့ MBC ရုပ်သံလိုင်းရဲ့ ‘Show Music's Core Today's မှာ ပါဝင်မှာ မဟုတ်ပါဘူး။ ယနေ့ (နိုဝင်ဘာ ၂၈)သူ့ရဲ့ အခြားအချိန်ဇယားတွေကိုအဆုံးသတ်လိမ့်မယ်လို့ ဆိုပါတယ်။အတည်ပြုတဲ့ ရလဒ်ရရှိတဲ့အခါမှာ ကျွနု်ပ်တို့ပြန်ပြီး အကြောင်းကြား တင်ပေးသွားပါမယ်။ စိုးရိမ်ပူပန်မှုဖြစ်စေတဲ့အတွက်ကျွန်ုပ်တို့တောင်းပန်ပါတယ်။ကျေးဇူးလည်းတင်ပါတယ် "

လို့ဆိုထားပါတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top