Banner Top

Member Area

စိုးရိမ်မှုပြဿနာတွေကြောင့် TWICE ရဲ့ ပရိုမိုးရှင်း အစီအစဉ်မှ Jungyeon နုတ်ထွက်

  •  YuNandarHtun
  • Category: News

စိုးရိမ်မှုပြဿနာတွေကြာင့် TWICE ဒုတိယအယ်လ်ဘမ်ဖြစ်တဲ့ “ Eyes Wide Open” အတွက် ပရိုမိုးရှင်းလုပ်ငန်းတွေမှာ အဖွဲ့ဝင် Jungyeon ဟာ ပါဝင်မှာ မဟုတ်ပါဘူး။

JYP အင်တာတိန်းမန့်ကနေ အောက်တိုဘာ ၁၇ ရက်ကထုတ်ပြန်တဲ့ ကြေညာချက်အရ Jungyeon ကသူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် TWICE ရဲ့ ဒုတိယအယ်လ်ဘမ် ပရိုမိုးရှင်းတွေမှာ ပါဝင်လာမှာ မဟုတ်ပါဘူး။

JYP က
"လက်ရှိ Jungyeon ဟာသူ့ရဲ့အစီအစဉ်အတိုင်းရှေ့ဆက်သွားဖို့စိတ်ပိုင်းဆိုင်ရာစိုးရိမ်ပူပန်မှုကိုကြုံတွေ့နေရပါတယ်။ Jungyeon ကိုယ်တိုင်နဲ့အခြား TWICE အဖွဲ့ဝင်တွေကိုလည်း စေ့စေ့စပ်စပ်ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် Jungyeon ကလုံလုံလောက်လောက်အနားယူဖို့၊တည်ငြိမ်မှုရှိဖို့နဲ့ ကျွမ်းကျင်မှုဆိုင်ရာကုသမှုတွေ ပြုလုပ်ဖို့လိုအပ်တယ်"

လို့ဖော်ပြထားပါတယ်။

JYPE က“ အနုပညာရှင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဘယ်အရာထက်မဆိုတန်ဖိုးထားတဲ့ အတွက်ကြောင့်မို့ Jungyeon က သူတို့ရဲ့ဒုတိယအယ်လ်ဘမ်အတွက် TWICE ရဲ့လှုပ်ရှားမှုတွေကို ယခုအချိန်မှာ မတက်ရောက်နိုင်တဲ့အကြောင်းကို ကျွန်တော်တို့ဆီ အသိပေးပါတယ်" လို့ဆိုထားပါတယ်။

အခြားသတင်းတွေမှာ TWICEအဖွဲ့ဟာ အောက်တိုဘာ ၂၆ ရက်နေ့မှု 'Eyes Wide Open' ကိုစတင်ဖြန့်ချိမှာလို့ ဆိုထားပါတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top