Logo
Print this page

BIGBANG အဖွဲ့ဝင် Daesung ဆေးရုံတက်ခဲ့ရသည်ဟုဆို

Daesung ဟာ စစ်မှုထမ်းဆောင်ချိန်အတွင်း ဆေးရုံတင်လိုက်ရတယ်လို့ ဆိုပါတယ်။

မေ ၂၃ ရက်မှာ သတင်းဌာနက တစ်ခုက BIGBANG အဖွဲ့ဝင်ဟာ Chuncheon စစ်တပ်ဆေးရုံကို တက်လိုက်ရသေးတယ်လို့ ဆိုပါတယ်။ အဲဒါကိုတုန့်ပြန်တဲ့အနေနဲ့ ဆေးရုံက “သူ့ကို ဆေးရုံတင်လိုက်ရတယ်ဆိုတာ အမှန်ပါပဲ၊ အခုတော့ သူ့ကို ဆေးရုံကနေ ပေးဆင်းလိုက်ပါပြီ။” လို့ပြောကြားခဲ့ပါတယ်။

Daesung

ဆေးရုံကတော့ ကိုယ်ရေးကိုယ်တာအချက်အလက်ကြောင့် ဆေးရုံတက်ရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောဆိုခဲ့တာမရှိပါဘူး။ Daesung ဟာ 27th Infantry Division မှာရှိတဲ့ လေ့ကျင့်ရေးစင်တာမှာ မတ် ၁၃ ရက်စလို့ စစ်မှု တာဝန် ထမ်းဆောင်နေတာလည်း ဖြစ်ပါတယ်။ လေ့ကျင့်ရေးပြီးတဲ့နောက်မှာ သူဟာ တာဝန်ကျစစ်သားတစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!