BIGBANG အဖွဲ့ဝင် GDragon ရဲ့ စစ်မှုထမ်းအစီအစဉ်အချက်အလက်အသေးစိတ်
- Micky
- Category: News
GDragon ဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ စတင်စစ်မှုထမ်းဆောင်တော့မှာဖြစ်ပါတယ်။
စစ်မှုထမ်းမယ့် အသေးစိတ်အချက်အလက်တွေကတော့ လျှို့ဝှက်အနေနဲ့ ရှိပေမယ့်လည်း သူတာဝန်ထမ်းဆောင်မယ့် နေရာအတိအကျကိုတော့ ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။ သတင်းတွေရဲ့အဆိုအရ GDragon ဟာ ဒီနေ့ နေ့လယ်မှာ ဂန်ဝန်းခရိုင်မှာရှိတဲ့ ချောဝမ်မြို့မှာ စစ်ထဲဝင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ စစ်မှုထမ်းတာဝန်ကို မစတင်ခင်မှာ သီတင်းငါးပတ်ကြာ လေ့ကျင့်ရေးတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။
GDragon ဟာ စစ်မှုမထမ်းခင် ကြိုတင်ပွဲအခမ်းအနားတွေ လုပ်မှာမဟုတ်ပေမယ့် ပြည်တွင်းနဲ့ နိုင်ငံတကာက ပရိသတ်ရာပေါင်းများစွာဟာ စစ်မှုမထမ်းခင် သူ့ကိုနှုတ်ဆက်ဖို့ လေ့ကျင့်ရေးစခန်းမှာ စုရုံးရောက်ရှိနေကြပြီဖြစ်ပါတယ်။ BIGBANG အဖွဲ့ခေါင်းဆောင် GDragon ဟာ ၂၀၂၀ ခုနှစ်မှာ စစ်မှုထမ်း တာဝန်တွေ ပြီးဆုံးမှာဖြစ်ပါတယ်။
KL
ဆက်စပ်နေသော ရေးသားချက်များ
-
Happy birthday to BIGBANG T.O.P!
-
မကြာခင် သီချင်းအသစ်ထွက်မယ်ဆိုတဲ့ သတင်းနဲ့ ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ G-Dragon
G-Dragon ဟာ မကြာခင်ပြန်လာဖို့ ပြင်နေပြီ ဂီတလောကကနေ အချိန်အကြာကြီး အနားယူခဲ့ပြီးတဲံနောက် သီချင်းအသစ်ထွက်ဖို့ ပြင်နေပြီလို့ YG အင်တာတိန်းမန့်က မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။
-
G-Dragon ရဲ့ Comback အစီအစဉ်ကို YG အတည်ပြု
G-Dragon ဟာ မကြာခင် ပြန်လာတော့မှာဖြစ်ပါတယ်။
-
GD မျက်နှာဖုံးရှင်အဖြစ်ပါဝင်တဲ့ Vogue မဂ္ဂဇင်း သက်တမ်းတလျှောက် ရောင်းအားအကောင်းဆုံးဖြစ်လာ
G-Dragon က မျက်နှာဖုံးရှင်အဖြစ်ပါဝင်ထားတဲ့ Vogue မဂ္ဂဇင်းဟာ Idol တစ်ယောက်က မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခဲ့တဲ့ မဂ္ဂဇင်းတွေထဲမှာ ရောင်းအားအကောင်းဆုံးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
-
BIGBANG အဖွဲ့ဝင် Daesung ဆေးရုံတက်ခဲ့ရသည်ဟုဆို
Daesung ဟာ စစ်မှုထမ်းဆောင်ချိန်အတွင်း ဆေးရုံတင်လိုက်ရတယ်လို့ ဆိုပါတယ်။
-
အိုဆယ်ဟွန်းရဲ့ ရုပ်ရှင်ရိုက်ကွင်းကို Food Truck ပို့လိုက်တဲ့ BIGBANG အဖွဲ့ဝင် Seungri
EXO အဖွဲ့ဝင် ဆယ်ဟွန်းဟာ BIGBANG အဖွဲ့ဝင် Seungriထံကနေအထူးလက်ဆောင်တစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။ ဧပြီ ၂၇ ရက်မှာEXOရဲ့ အငယ်ဆုံးအဖွဲ့ဝင် ဆယ်ဟွန်းဟာ“Dokgo Rewind” ဆိုတဲ့ Web ရုပ်ရှင်ရိုက်ကွင်းကိုပို့လိုက်တဲ့ Food Truck အရှေ့မှာမတ်တပ်ရပ်နေတဲ့ပုံကိုတင်ခဲ့ပါတယ်။ EXO အဖွဲ့ဝင် ဆယ်ဟွန်းဟာ BIGBANG အဖွဲ့ဝင် Seungriထံကနေအထူးလက်ဆောင်တစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။ ဧပြီ ၂၇ ရက်မှာEXOရဲ့ အငယ်ဆုံးအဖွဲ့ဝင် ဆယ်ဟွန်းဟာ“Dokgo Rewind” ဆိုတဲ့ Web ရုပ်ရှင်ရိုက်ကွင်းကိုပို့လိုက်တဲ့ Food Truck အရှေ့မှာမတ်တပ်ရပ်နေတဲ့ပုံကိုတင်ခဲ့ပါတယ်။