Banner Top

Member Area

လေဆိပ်တွင် NCT 127 အဖွဲ့မန်နေဂျာနှင့် လုံခြုံရေးတို့၏ လုပ်ရပ်များအတွက် SM တောင်းပန်

SM အင်တာတိန်းမန့်ဟာ လေဆိပ်မှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ သူတို့ဝန်ထမ်းရဲ့ လုပ်ရပ်အတွက် တရားဝင် ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ NCT 127 အဖွဲ့ဟာ မော်စကိုမြို့ကနေ မေ ၁၆ ရက်မှာ အင်ချွန်းလေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။

သတင်းထောက်တစ်ဦးက ဘေးကနေ ဓါတ်ပုံတွေ ရိုက်ကူးနေခဲ့ပြီးတော့ လုံခြုံရေးဝန်ထမ်းတစ်ဦးက အဲဒီသတင်းထောက်ကို တိုက်မိခဲ့ပါတယ်။ အဲဒီသတင်းထောက်ရဲ့ ကင်မရာနဲ့ နှုတ်ခမ်းနဲ့ ခိုက်မိပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ SM အင်တာတိန်းမန့်ဟာ လေဆိပ်မှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ သူတို့ဝန်ထမ်းရဲ့ လုပ်ရပ်အတွက် တရားဝင် ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

NCT 127 အဖွဲ့ဟာ မော်စကိုမြို့ကနေ မေ ၁၆ ရက်မှာ အင်ချွန်းလေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ သတင်းထောက်တစ်ဦးက ဘေးကနေ ဓါတ်ပုံတွေ ရိုက်ကူးနေခဲ့ပြီးတော့ လုံခြုံရေးဝန်ထမ်းတစ်ဦးက အဲဒီသတင်းထောက်ကို တိုက်မိခဲ့ပါတယ်။ အဲဒီသတင်းထောက်ရဲ့ ကင်မရာနဲ့ နှုတ်ခမ်းနဲ့ ခိုက်မိပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

NCT 127 1

 

အဲဒီအချိန်မှာ အခြားသတင်းထောက်တစ်ယောက်က အဲဒီလုံခြုံရေးဝန်ထမ်းကို “ခင်ဗျား သတင်းထောက်တယောက်ကို တိုက်လိုက်မိပြီ” လို့ အော်ပြောခဲ့ပါတယ်။ အတိုက်ခံခဲ့ရတဲ့အဲဒီသတင်းထောက်ဟာ လုံခြုံရေးဝန်ထမ်းကို ဆက်လက်အော်ခေါ်နေခဲ့ပေမယ့် မန်နေဂျာက ဆဲဆိုတုန့်ပြန်လိုက်ပါတယ်။ အဲဒီအတွက် ကိုရီးယား မီဒီယာ ဓါတ်ပုံဆရာအသင်းက SM အင်တာတိန်းမန့်ရဲ့ စီအီးအိုတွေထံကနေ တောင်းပန်ဖို့ တောင်းဆိုခဲ့ပြီး နောက်ထပ်ဒီလိုမျိုးထပ်မံမဖြစ်ပွားစေဖို့ ကာကွယ် လုပ်ဆောင်ရန်လည်း တောင်းဆိုလိုက်ပါတယ်။ အဲဒါကို တုန့်ပြန်တဲ့အနေနဲ့ SM အင်တာတိန်းမန့်ရဲ့ ပူးတွဲ စီအီးအိုတွေဖြစ်တဲ့ ဟန်ဆယ်မင်းနဲ့ နမ်ဆူယောင်းတို့က တောင်းပန်ကြောင်းပြောဆိုခဲ့ပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top