Banner Top

Member Area

မတူညီသောစာချုပ်များကြောင့် အတူနေထိုင်ရန်ပင် အခက်အခဲရှိလာနိုင်ကြောင်း Teen Top အဖွဲ့ထုတ်ပြော

အတူတူDromမှာ ပြန်နေထိုင်နို်င်ဖို့ အခြေအနေရှိပါသလားဆိုတဲ့ မေးခွန်းကို TEEN TOP အဖွဲ့ကရိုးရိုးသားသား ပြန်လည်ဖြေကြားခဲ့ ကြပါတယ်။မေ ၈ ရက်မှာ TEEN TOP အဖွဲ့ဟာ သူတို့ရဲ့ အယ်လ်ဘ မ် အသစ်ဖြစ်တဲ့ 'Seoul Night' အတွက် ဆိုးလ် မြို့မှာရှိတဲ့ SAC အနုပညာစင်တာမှာ ပြုလုပ်တဲ့ တင်းစာရှင်းလင်းပွဲကိုတက်ရောက်ခဲ့ကြပါတယ်။



အဖွဲ့ဝင်တွေဟာသူ တို ့ရဲ့ အဖွဲ့လိုက်လုပ်ငန်းတွေအတွက် လူသိများကြပါတယ်။ အဲဒီအခြေအနေကြောင့် သတင်းထောက်တစ်ဦးက “အဖွဲ့ဝင်တွေအနေနဲ့ Drom မှာအတူတူပြန်နေရမယ်ဆိုရင် ဘယ်လိုသဘောရပါသလဲ” လို့ မေးမြန်းခဲ့ပါတယ်။

 

TEEN TOP

အဲဒီအခါမှာ TEEN TOP အဖွဲ့က “ကျွန်တော်တို့ကအရမ်းရင်းနှီးပါတယ်၊ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်နားမှာ မှဲ့ရှိတယ်ဆိုတာကိုတောင် ကျွန်တော်တို့သိပါတယ်။ Nielရဲ့ တင်ပါးမှာမှဲ့တလုံးရှိပါတယ်” လို့ဆိုပါတယ်။ ဒါပေမယ့် အဖွဲ့ဝင်တွေ က “တကယ်လို့အတူတူပြန်နေနိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ အဖွဲ့ဝင်တစ်ဦး ချင်းစီမှာမတူညီတဲ့ စည်းမျဥိးတွေ ရှိနေတဲ့အတွက် အဲဒီလို ဖြစ်လာဖို့ ခက်ခဲနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top