Banner Top

Member Area

ကားငါးစီးဆင့်တိုက်မှုတွင် ပါဝင်ခဲ့သော အဆိုတော် Kangnam ကို ဆေးရုံသို့ ပို့ဆောင်လိုက်ရ

အဆိုတော် Kangnam ဟာ ကားငါးစီး ဆင့်တိုက်မှုမှာ ပါဝင်ခဲ့တယ်လို့ သိရါပတယ်။ ဧပြီ ၂၈ ရက်မှာ Kangnam ဟာ ချွန်းဂျူမှာ စီစဉ်ထားတဲ့ ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ဖို့ သွားနေစဉ် ဂျာင်းဘူအဝေးပြေးကားလမ်းမပေါ် ကားငါးစီးဆင့်တိုက်မှုမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Kangnam

 


သူ့ရဲ့အေဂျင်စီရဲ့ သတင်းရင်းမြစ်တစ်ခုက Kangnam ဟာ ကားမတော်တဆမှုမှာ ပါဝင်တယ်လို့ အတည်ပြုခဲ့ပါတယ်။ သူက “Kangnam ရဲ့ရှေ့က ကားက ရုတ်တရက်ရပ်လိုက်တဲ့အတွက် Kangnam ရဲ့ ကားဟာလည်း ရပ်တန့်သွားခဲ့ပြီး အနောက်မှာ မောင်းနှင်နေတဲ့ကားကလည်း ရုတ်တရက်ဝင်တိုက်ခဲ့တာ ဖြစ်တယ်၊ ကြီးမားတဲ့ မတော်တဆမှုတော့ မဟုတ်ပါဘူး၊ ဒါကြောင့် ကြီးကြီးမားမား ဒဏ်ရာမရရှိခဲ့ပါဘူး။
Kangnam နဲ့ အခြားဝန်ထမ်းတွေဟာ လက်ရှိမှာ ဆေးစစ်ဆေးဖို့နဲ့ ဆေးကုသမှုခံယူဖို့ ဆေးရုံကို သွားရောက်နေပါတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top