Logo
Print this page

အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် ချမ်းသာတဲ့ လူငယ်ကိုရီးယားအနုပညာရှင်က ဘယ်သူလဲ

သူ့ရဲ့အောင်မြင်မှုက ဟာသတစ်ခုတော့မဟုတ်ပါဘူး။

အောင်မြင်မှုကို ငွေကြေးချည်းနဲ့ပဲ တိုင်းတာလို့မရနိုင်ပေမယ့် တခါတလေ ငွေကြေးနဲ့တိုင်းတာရတဲ့အခါမျိုးလည်းရှိပါတယ်။ မင်းသား ဂျန်ဂွန်ဆော့ဟာ သူအနုပညာလောကထဲကို စတင်ရောက်ရှိတဲ့အချိန်ကစလို့ သူစုဆောင်းမိတဲ့ ငွေကြေးပမာဏဟာ သူဘယ်လောက်အောင်မြင်တယ်ဆိုတာကို ပြသနေပါတယ်။ ၂၀၀၅ ခုနှစ်မှာ အနုပညာလောကထဲမှာ ပွဲဦးထွက်ခဲ့ကတည်းကဆိုရင် မင်းသားဂျန်ဂွန်ဆော့ဟာ ကိုရီးယားဝမ် ဘီလီယံ ၉၀ ကျော်(ဒေါ်လာ ၈၃ ဒသမ ၃ သန်း ခန့်မှန်းချေ) လောက်စုဆောင်းပိုင်ဆိုင်ထားပြီလို့ဆိုပါတယ်။

 

 

 

မင်းသား၊ အဆိုတော်ဖြစ်တဲ့ သူဟာ သူစိတ်ဝင်စားတဲ့အရာတစ်ခုဖြစ်တဲ့ ကားဝနဲ့ အခြားအိမ်ခြံမြေပိုင်ဆိုင်မှုတွေ မှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ မင်းသားဂျန်ဂျွန်ဆော့ဟာ Maserati, Rolls Royce, Porsche တို့လို ဇိမ်ခံကားတွေ စီးနင်းနေခဲ့တာ အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ကြရပြီးဖြစ်ပါတယ်။ သူ့ရဲ့ သာယာတဲ့ဘဝနဲ့အတူ ဂျန်ဂွန်ဆော့ဟာ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ဝေမျှဖို့ ဘယ်တော့မှမမေ့တဲ့အပြင် အချိန်တိုင်းမှာလည်း လိုအပ်တဲ့သူတွေထံ ငွေကြေးလှူဒါန်းတာမျိုး လုပ်ဆောင်လေ့ရှိပါတယ်။

ဂျန်ဂွန်ဆော့ဟာ လက်ရှိမှာ SBS ရုပ်သံလိုင်းကနေ မတ် ၂၈ ရက်မှာ ထုတ်လွှင့်ပြသမယ့် 'Switch' ရုပ်သံဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ထားပါတယ်။.
KL

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!