Banner Top

Member Area

ဒရမ်မာအသစ်မှာ လူလိမ်အဖြစ် သရုပ်ဆောင်မယ့် ဂျန်ဂွန်ဆော့

  •  Micky
  • Category: News

ဂျန်ဂွန်ဆော့နဲ့ ဟန်ယယ်ရီတို့ ဟာ SBS ရုပ်သံလိုင်းကနေထုတ်လွှင့်မယ့် “Switch – Change the World” အမည်ရှိတဲ့ ဒရမ်မာမှာ ခေါင်းဆောင်ပါဝင်ကြမယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၄ ရက်မှာ Saram အင်တာတိန်းမန့် က မင်းသမီးဟန်ယယ်ရီဟာ ထောက်လှမ်းရေးမှူး အိုဟာရာ အနေနဲ့ ဒရမ်မာမှာပါဝင်မယ်လို့ အတည်ပြုလိုက်ပြီး TreeJ ကုမ္ပဏီကတော့ ဂျန်ဂွန်ဆော့ဟာ အဲဒီဒရမ်မာမှာပါဝင်မှာဖြစ်ပြီး ထောက်လှမ်းရေးမှူးဖြစ်ဖို့ ကြိုးစားရာက မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် လူလိမ်တစ်ဦးဖြစ်ခဲ့ရတဲ့ ဇာတ်ရုပ်ကနေ ပါဝင်မှာဖြစ်ကြောင်း အသီးသီး အတည်ပြုခဲ့ကြပါတယ်။

ဒီဒရမ်မာဟာ ဂျန်ဂွန်ဆော့အတွက် ၂၀၁၆ ခုနှစ်မှာ ပြသခဲ့တဲ့ "Jackpot" ဇာတ်လမ်းတွဲပြီးတဲ့နောက် နှစ်နှစ်နီးပါး ကာလအတွင်းမှာ ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ ဒရမ်မာလည်း ဖြစ်ပါတယ်။ ကောင်းမှုနဲ့ မကောင်းမှုကို စည်းခြားထားတဲ့ မျဉ်းပေါ်မှာရှိတဲ့ တရားမျှတမှုကို သလျော်တဲ့ ပုံစံနဲ့ ရိုက်ကူးမယ့် ဒရမ်မာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီဒရမ်မာကို အခုလက်ရှိပြသနေတဲ့ "Return" ဒရမ်မာပြီးတဲ့နောက် မတ်လထဲ စတင်ပြသမှာဖြစ်ပါတယ်။

 

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top