Banner Top

Member Area

နာမည်ကျော် PD တစ်ဦးထုတ်လုပ်မယ့် အစီအစဉ်မှာ မင်းသား ဆိုဂျီဆပ်နှင့် မင်းသမီးပတ်ရှင်ဟေးတို့ ပါဝင်မယ်

  •  Uchun
  • Category: News

မင်းသား ဆိုဂျီဆပ်နဲ့ မင်းသမီး ပတ်ရှင်ဟေးတို့ဟာ နာမည်ကျော် PD တစ်ယောက်ဖြစ်တဲ့ နာယောင်းဆော့ ထုတ်လုပ်မယ့် tvN ရုပ်သံလိုင်းရဲ့ အစီအစဉ်တစ်ခုမှာ ပါဝင်လာကြတော့မှာဖြစ်ပါတယ်။

မတ် ၁၃ ရက်မှာပဲ သရုပ်ဆောင်နှစ်ဦးလုံးရဲဲ့ အေဂျင်စီနဲ့ ထုတ်လွှင့်မယ့် ချန်နယ်တို့က ပတ်ရှင်ဟေးနဲ့ ဆိုဂျီဆပ်တို့ဟာ PD နာယောင်းဆော့ရဲ့ 'Little House in the Jungle' လို့အမည်ရတဲ့ အစီအစဉ်မှာ ပါဝင်လာကြမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ မင်းသမီးပတ်ရှင်ဟေး မကြာသေးမီက ဂျယ်ဂျူးကျွန်းကို သွားရောက်လည်ပတ်ခဲ့တဲ့အချိန် မှာပဲ အသံသွင်းယူမှုကို စတင်ခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

မင်းသမီးပတ်ဟာ ၂၀၁၃ ခုနှစ်မှာ မင်းသားဆိုဂျီဆပ်ရဲ့ "Eraser" ဆိုတဲ့ သီချင်းမှာ မော်ဒယ်အနေနဲ့ ပါဝင်သရုပ်ဆောင်ဖူးပါတယ်။ 'Little House in the Jungle' အစီအစဉ်ကို PD နာထုတ်လုပ်နေတဲ့ 'Youn's Kitchen 2' အစီအစဉ်ပြီးတဲ့နောက် ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။

KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top