Logo
Print this page

'Descendants of the Sun' ဒရမ်မာ ၂ နှစ်ပြည့်နှစ်ပတ်လည်အတွက် ပရိသတ်တွေက လှူဒါန်းမှု ပြုလုပ်

KBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့'Descendants of the Sun' ဇာတ်လမ်းတွဲ ပရိသတ်တွေဟာ ဒရမ်မာ ၂ နှစ်ပြည့်နှစ်ပတ်လည်ကို ဂုဏ်ပြုကျင်းပတဲ့အနေနဲ့ အလှူတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

47582581

DC Inside Descendants of the Sun Gallery' လို့အမည်ရတဲ့ fanbase တစ်ခုထံမှ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကိုရီးယားဝမ် ၃ ဒသမ ၄ သန်း ကိုရရှိခဲ့တယ်လို့ ကလေးများ သွေးကင်ဆာဖောင်ဒေးရှင်းတစ်ခုက မတ်လ ၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

fanbase မှ ကိုယ်စားလှယ်တစ်ဦးက "အဓိပ္ပါယ်ရှိတဲ့အရာတစ်ခုနဲ့ ဒရမ်မာရဲ့ ၂ နှစ်ပြည့်နှစ်ပတ်လည်ကို ကျင်းပဖို့ အထူးအစီအစဉ်တစ်ခုကို အတူတူ ကျွန်တော်တို့ စီစဉ်ခဲ့ကြပါတယ်၊ ဒီလှူဒါန်းမှုဟာ ကင်ဆာရောဂါကိ်ု ခံစားနေရတဲ့ ကလေးငယ်တွေကို ကူညီနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ အဲဒီကိုယ်စားလှယ်ကပဲ ဆက်ပြောတာက "ဒရမ်မာထဲက "ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ်ပေးဖို့လိုအပ်တယ်"၊ "လုပ်နိုင်တဲ့အရာအားလုံးကို အခုလုပ်လိုက်ပါ" ဆိုတဲ့ လက်ကိုင်ဆောင်ပုဒ်နှစ်ခုကိုကျွန်တော်တို့ အမြဲတမ်းအမှတ်ရနေမှာပါ လို့ ဆိုပါတယ်။
KL

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!