Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

KBS ရုပ်သံ လိုင်းရဲ့ ဒရမ်မာ အသစ် တစ်ခုမှာ ခေါင်းဆောင်မင်းသမီး အဖြစ်ပါဝင်ဖို့ ဆွေးနွေးနေတဲ့ ယူအင်နာ

မင်းသမီးယူအင်နာဟာမကြာခင် ဇာတ်လမ်းတွဲတစ်ခုမှာပါဝင်လာနိုင်ချေရှိနေပါတယ်။ မေ ၈ ရက်မှာပဲမင်းသမီးရဲ့ အေဂျင်စီ YG အင်တာတိန်းမန့်က မင်းသမီးဟာ“Hitting on the Blind Boss”လို့အမည်ရှိတဲ့ ဒရမ်မာ အသစ်တစ်ခုမှာခေါင်းဆောင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ကမ်းလှမ်းချက်တစ်ခုကိုရရှိထားပြီးအခုလောလောဆယ်မှာတော့ သုံးသပ်နေပါတယ်” လို့ဆိုပါတယ်။


“Hitting on the Blind Boss”ဟာလူတွေရဲ့ မျက်နှာကိုမှတ်သားနိုင်ခြင်းမရှိတဲ့ ရောဂါကိုခံစားနေရတဲ့ Dominicလို့အမည်ရတဲ့ သူဌေးတစ်ဦးနဲ့ ဂျောင်ဂယ်ဟီးလို့ ခေါ်တဲ့ သူ့ရဲ့ အတွင်းရေးမှူးတို့ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ Dominicဟာအမည်မသိတဲ့တိုက်ခိုက်သူတစ်ဦးကြောင့် အဲဒီရောဂါကိုရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ကြင်ဖက်တွေ့ပွဲတစ်ခုမှာ K Group ရဲ့ မျိုးဆက် Veronica Parkအဖြစ် ဂျောင်ဂယ်ဟီးကဟန်ဆောင်ခဲ့ပြီးတဲ့နောက် အချစ်ပန်းတွေ ဖူးပွင့်လာခဲ့တာပဲ ဖြစ်ပါတယ်။

Yoo In Na
ယူအင်နာကိုဂျောင်ဂယ်ဟီးအဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းထားတာလည်း ဖြစ်ပါတယ်။ တကယ်လို့ အဲဒီဇာတ်ရုပ်ကိုလက်ခံဖြစ်မယ်ဆိုရင်တော့သူဟာ“Goblin”ဇာတ်လမ်းတွဲပြီးတဲ့နောက် နှစ်နှစ်အတွင်းပထမဆုံးအကြိမ် ကိုရီးယားဒရမ်မာတစ်ခုမှာပါဝင်သရုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ “Hitting on the Blind Boss”ဇာတ်လမ်းတွဲကိုအခုနှစ် ဒုတိယနှစ်ဝက်ကာလမှာထုတ်လွှင့်ပြသသွားမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ တေ့ မင်းသမီးဟာtvNရုပ်သံလိုင်းရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ “Blind Date Coffee House”မှာပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top