Logo
Print this page

လီဂွမ်ဆူရဲ့ ဒရမ်မာဇာတ်လမ်းသစ်ပိုစတာထွက်ရှိလာ

tvN ရုပ်သံလိုင်းကနေ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တို့မှာ ထုတ်လွှင့်ပြသတော့မယ့် "Live" ဇာတ်လမ်းတွဲ တရားဝင် ပိုစတာထွက်ရှိလာပါပြီ။

Live 2

"Live" ဒရမ်မာဟာ ကင်းလှည့်ဌာနခွဲက ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြောင်းနဲ့ သူတို့ရဲ့ လုပ်ငန်းခွင်မှာ ဖြစ်ပွားတဲ့ မျှော်မှန်းထားလို့မရနိုင်တဲ့ ဖြစ်ရပ်တွေနဲ့ အမှုတွေအကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။ အဲဒီလိုအရှုပ်အထွေးတွေကြားမှာ လက်တွေ့ဆန်ပြီး နှိမ့်ချတတ်တဲ့ ရဲဝန်ထမ်းတွေရဲ့ တရားမျှတမှုအတွက် ဆောင်ရွက်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Live 1

ပထမဆုံးအပိုင်းကို မပြသမီမှာပဲ ဒရမ်မာဇာတ်လမ်းတွဲရဲ့ တရားဝင် ပိုစတာနှစ်ခုကို ဖြန့်ချိခဲ့ပါတယ်။ ပထမပုံမှာတော့ ကလေးတစ်ယောက်ကို ကူညီနေတဲ့ ရဲဝန်ထမ်းအသစ်လေးတွေ ဖြစ်တဲ့ ဂျောင်ယူမီနဲ့ လီဂွမ်ဆူတို့ကို မြင်တွေ့ရပါတယ်။ ဂျောင်ယူမီဟာ အဲဒီကလေးငယ်ကို စကားပြောနေတဲ့အချိန်မှာ လီဂွမ်ဆူဟာ အဲဒီကလေးငယ်ရဲ့ လက်ကို တင်းကြပ်စွာကိုင်ထားပြီး ဝေါ်ကီတော်ကီနဲ့ စကားလှမ်းပြောနေတာကို တွေ့ရပါတယ်။

ဒုတိယပိုစတာထဲမှာတော့ ဂျောင်ယူမီ၊ လီဂွမ်ဆူ၊ ဘယ်ဆောင်းဝူ နဲ့ ဘယ်ဂျောင်အို့တို့ပါဝင်ပါတယ်။ အမှုတွဲဖိုင်၊ နေ့စဉ်မှတ်တမ်း၊ လက်ထိပ်တို့က အနောက်ဘက်မှာ လွင့်ပျံနေပြီး ရဲဝန်ထမ်းတွေရဲ့ အလုပ်များနေပုံကို ဖော်ပြနေပါတယ်။ အဲဒီအဖြစ်အပျက်တွေကြားထဲမှာ ရဲဝန်ထမ်းလေးဦးဟာ ကော်ဖီသောက်ပြီး သူတို့ရဲ့ နားချိန်ကို ပျော်ရွှင်စွာခံစားနေပုံ ဖြစ်ပါတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!