Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

Twilight ရုပ်ရှင်ထဲကလို မင်္ဂလာဆောင်မယ့် ထယ်ယန်းနဲ့မင်ဟိုရင်

  •  Micky
  • Category: News

ထယ်ယန်းနဲ့ မင်ဟိုရင်တို့ရဲ့ လက်ထပ်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တချို့ ထပ်မံထွက်ပေါ် လာပြန်ပါတယ်။

20160407113612 ijn 2107

သူတို့နှစ်ဦးဟာ လာမယ့်ဖေဖော်ဝါရီ ၃ ရက်မှာ လက်ထပ်မှာဖြစ်ပြီးတော့ စိတ်ဝင်စားဖွယ် After Party အတွက်လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးမှာ အင်ချွန်းမှာရှိတဲ့ ပါရာဒိုက်စ်စီးတီးမှာ After Party ကို ကျင်းပမှာဖြစ်တယ်လို့ဆိုပါတယ်။

ထယ်ယန်းနဲ့ မင်ဟိုရင်တို့ရဲ့ လက်ထပ်ပွဲ ကို စီစဉ်ညွှန်ကြားသူဖြစ်တဲ့ ကမ္ဘာကျော်အစီအစဉ်ရေးဆွဲသူ ယောင်ဆောင်းမာတင်ရဲ့ အဆိုအရ သူတို့နှစ်ဦးဟာ နာမည်ကျော် Twilight ရုပ်ရှင်ထဲကအတိုင်း လက်ထပ်ပွဲကို ကျင်းပမှာဖြစ်တယ်လို့ဆိုပါတယ်။ ယောင်ဆောင်မာတင်ဆိုတာကတော့ ထယ်ယန်းနဲ့မင်ဟိုရင်တို့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

ယောင်ဆောင်မာတင်က "ကျွန်မက ထယ်ယန်းနဲ့ မင်ဟိုရင်တို့ရဲ့ ပရိသတ်ပါ၊ ဒါကြောင့် သူတို့ကို ချစ်ခင်နှစ်သက်ပါတယ်၊ သူတို့အတွက်အထူးလက်ဆောင်အနေနဲ့ မင်ဟိုရင်ရဲ့ အလှအပနဲ့ သူတို့ရဲ့ ဖြူစင်တဲ့ ပထမဆုံးအချစ်ကို အလေးပေးနိုင်မယ့် အမှတ်တရပါတီတစ်ခုကို ပြုလုပ်ပေးဖို့ စီစဉ်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top